Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်

အခုတိုက်ခိုက်မှုမှာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်း စစ်တပ်က အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်
ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်

အနောက် မဟာမိတ် နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ် တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ S-300 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ဟာ လှလှပပ လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း၊ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ရန်သူ့ ပိုင်နက်ထဲမှာ အသုံးပြုဖို့ ခွင့်ပြုချက် ရရှိပြီး ပထမဆုံး နေ့မှာတင် အခုလို အစွမ်းပြနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်း အစိုးရ အဖွဲ့ဝင် အိုင်ရီနာ ဗက်ရှ်ချော့ခ်ရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်နေတယ်လို့ ယုံကြည်ရတဲ့ ရုရှား ဒုံးကျည်စနစ်ရဲ့ ဓာတ်ပုံကိုပါ သူက Facebookပေါ် တင်ထားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေထိ တိုက်ခိုက်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုသွားမယ်လို့ ပြောကြားပြီး ရက်ပိုင်းအတွင်း အခုအခြေအနေ ဖြစ်လာတာပါ။ အမေရိကန်ရဲ့ တခြား အနောက်ဥရောပ မဟာမိတ်တွေကလည်း သူတို့ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ မသုံးဖို့ ယူကရိန်းအပေါ် ကန့်သတ်ထားတာတွေကို တစ်စချင်းစီ ဖြေလျှော့ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

အခုတိုက်ခိုက်မှုမှာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်း စစ်တပ်က အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာထိ အသုံးပြုခွင့် ပေးခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရုရှားက နိုင်ငံ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ ယူဆတဲ့ တိုက်ခိုက်မှုတွေမှာ ယူကရိန်းသာ မကဘဲ စစ်လက်နက် ထောက်ပံ့တဲ့ နိုင်ငံတွေလည်း တာဝန်ရှိတယ်လို့ သတ်မှတ်ပြီး လိုအပ်သလို တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်ရေး သုတေသီတွေကတော့ တကယ်လို့သာ အမေရိကန် ထောက်ပံ့တဲ့ စစ်လက်နက် တစ်ခုခုကို အသုံးပြုခဲ့ရိုးမှန်ရင် အခုပျက်စီးသွားတဲ့ S-300ဟာ ယူကရိန်း နယ်စပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်ဟာ ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ထဲမှာ ကီလိုမီတာ ၃၀၀ ကျော်လောက်ထိ ပျံသန်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာ အသုံးပြုခွင့် မပေးသေးဘဲ ကီလိုမီတာ ၇၀ လောက်သာ ခရီးရောက်တဲ့ တာတိုပစ် အမျိုးအစားတွေကိုပဲ ကန့်သတ်ခွင့်ပြုထားသေးတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။