Connect with us

Hi, what are you looking for?

News

အာဆီယံဒေသတွင်း တန်းတူညီမှုမရှိခြင်းနဲ့ စစ်ဘောင်ချဲ့ခြင်းပိုမိုများပြားလာမှုကို ဖြေရှင်းဖို့ အရပ်ဘက်အဖွဲ့တွေညီလာခံကျင်းပမယ်

(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် အာဆီယံအရပ်ဘက် အဖွဲ့အစည်းများညီလာခံ/အာဆီယံလူထုဖိုရမ်(၂၀၂၁)ကို အွန်လိုင်းကနေ အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အာဆီယံဒေသတွင်း တန်းတူညီမှုမရှိခြင်းနဲ့ စစ်ဘောင်ချဲ့ခြင်းပိုမိုများပြားလာမှုကို ကိုင်တွယ် ဖြေရှင်းဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြားဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများကော်မတီက ထုတ်ပြန်ပါတယ်။

(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် အာဆီယံအရပ်ဘက် အဖွဲ့အစည်းများညီလာခံ/အာဆီယံလူထုဖိုရမ်(၂၀၂၁)ကို အွန်လိုင်းကနေ အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အဲဒီဖိုရမ်ကို ‘အာဏာရှင်စနစ်၊ စစ်တပ်နဲ့ COVID-19 : အရှေ့တောင်အာရှတစ်ခွင်ပိုမိုကြီးထွားလာသော တန်းတူညီမှုမရှိခြင်းနဲ့ ပြည်သူပါဝင်ခွင့်နယ်ပယ်ကျဉ်းမြောင်းလာခြင်းကို စုပေါင်းဖြေ ရှင်းရန် စိန်ခေါ်မှုများ’ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ လူ့အခွင့်အရေးကာကွယ်သူများ၊ အကြမ်းမဖက်သော နည်းလမ်းနဲ့ လှုပ်ရှားနေသော နိုင်ငံရေးနဲ့ လူမှုရေးအတိုက်အခံများအပေါ် နှိပ်ကွပ်မှုတွေကို ဖုံးဖိဖို့ ကပ် ဘေးအခြေအနေကို ကောက်ကျစ်စွာအသုံးချခဲ့တယ်လို့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ကော်မတီက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါကြောင့် ဒေသတွင်းမှာ အာဏာရှင်ကြီးစိုးမှုမြင့်တက်လာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူပါဝင်ခွင့်နယ်ပယ်ကျဉ်းမြောင်းလာခြင်းတို့ကို ကြုံတွေ့ရတာအပြင် ဌာနေတိုင်းရင်းသားများ၊ မသန်စွမ်းပုဂ္ဂိုလ်များ၊ လူငယ်နဲ့အမျိုးသမီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ နိုင်ငံမဲ့ များ၊ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ၊ လူမှုရေးလုပ်သားများအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုမိုနက်ရှိုင်းလာစေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ကြည့်ရင်လည်း စစ်အာဏာရှင်တွေဟာ COVID-19 ကပ်ရောဂါဘေးကို လက်နက်သဖွယ်အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံအစိုးရတွေဟာ ‘အပြစ်ပေးခြင်းက ကင်းလွတ်ခွင့်’ ဆက်လက်ရှိစေဖို့ ‘ပြည်တွင်းရေး ကြားမဝင်ရ’ မူဝါဒကို ဆက်လက်အသုံးချနေပြီး အာဆီယံဒေသအတွင်း ရင်ဆိုင်နေရတဲ့ ပြဿ နာတွေအားလုံးကို မြန်မာနိုင်ငံအကျပ်အတည်းမှာ ပြတ်သားစွာတွေ့မြင်နိုင်တယ်လို့ ကော်မတီက သုံးသပ်ပါတယ်။

အာဆီယံအရပ်ဘက် အဖွဲ့အစည်းများညီလာခံ/အာဆီယံလူထုဖိုရမ်ကို ၂၀၀၅ ခုနှစ်ကတည်းက စဉ်ဆက်မပြတ်ကျင်းပလာခဲ့ပြီး လူမှုရေးကောင်းကျိုးအတွက် ပြည်သူအချင်းချင်းအကြား နှီး နှောဖလှယ်မှုနဲ့ အပြန်အလှန်မျှဝေနိုင်မှု စတဲ့ အခွင့်အရေးတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook