Connect with us

Hi, what are you looking for?

News

BGF နဲ့ စစ်ကောင်စီပူးပေါင်းတပ် အရပ်သားတစ်ဦးကိုပစ်သတ်

အဆိုပါရွာသားဟာ မီးပုံးကျေးရွာမှာ နေထိုင်တဲ့သူတစ်ဦးဖြစ်ပြီး အသက် ၅၀ ဝန်းကျင်ရှိကာ ဖာပွန်မြို့နယ်ထဲကနေ လာရောက်ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်တယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဘားအံမြို့နယ်မှာ နယ်ခြားစောင့်တပ် (BGF)နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ရက်ပိုင်းက အရပ်သားပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ဘားအံမြို့နယ် တကောင်ဘိုးကျေးနယ် မီးပုံးကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်မှာ နယ်ခြားစောင့်တပ် (၁၀၁၄) တပ်ရင်းနဲ့အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်တို့က အရပ်သားပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဆိုပါရွာသားဟာ မီးပုံးကျေးရွာမှာ နေထိုင်တဲ့သူတစ်ဦးဖြစ်ပြီး အသက် ၅၀ ဝန်းကျင်ရှိကာ ဖာပွန်မြို့နယ်ထဲကနေ လာရောက်ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်တယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းတပ်ဖွဲ့ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြဲလိုလိုပြုလုပ်ခဲပြီး ကျေးရွာတွေနဲ့ လယ်ယာဥယျာဉ်ခြံမြေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ သထုံခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက ဒေသခံရွာသားတွေကို အတင်းအကြပ် အုပ်ချုပ်ရေးမှူးလုပ်ဆောင်ခိုင်းနေပြီး စခန်းတွေကို လာရောက်ကင်းစောင့်ဖို့ အမိန့်ပေးညွှန်ကြားထားတာတွေလည်း ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook