Connect with us

Hi, what are you looking for?

News

KNU ကို ခြုံခိုတိုက်ခိုက်ရန် ကြိုးစားစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်​ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး​သေဆုံး

အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ပဲခူးတိုင်း​ ၊ကျောက်ကြီးမြို့နယ် ​ အင်တိုင်းကုန်း​ကျေးရွာအနီး ယ​နေ့နံနက် က KNU တပ်ဖွဲ့ဝင်များကို ခြုံခို တိုက်ခိုက်ရန် ကြိုးစားရာ နှစ်ဖတ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်​​ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး​သေဆုံးခဲ့​ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက အင်တိုင်းကုန်းကျေးရွာ ရွာသူ/ရွာသားများနှင့် အစည်းအဝေးပြုလုပ်ရန် သွားရောက်ခဲ့ရာ အာဏာသိမ်းစစ်​ကောင်စီတပ်ရင်း ခလရ (၆၀) လက်အောက်ခံ တပ်ခွဲ (ကျောက်စရစ်စခန်း)မှ သတင်းရပြီး ခြုံခိုတိုက်ခိုက်ရန် လာရောက်စဥ် KNLA တပ်နှင့် ယနေ့နံနက် ၁၀ နာရီ ၅၅မိနစ်တွင် အင်တိုင်းကုန်းကျေးရွာဘေးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပစ်ခတ်မှုတွင် KNU/KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အာဏာသိမ်းစစ်အုပ်စုအုပ်စုမှ (၂)ဦးသေဆုံးသွားသည်ဟု အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်မှ ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ အာဏာသိမ်းစစ်အုပ်စုဘက်မှ ခြုံငုံတိုက်ခိုက်ရန်စတင် လှုပ်ရှားခဲ့ကြသောကြောင့် ဖြစ်​ကြောင်း ၎င်းက​ပြောသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ပစ်ခတ်မှုကြောင့် အင်တိုင်းကုန်းကျေးရွာသား အသက်(၇၀)ရှိ အဖိုးစောမောင်လူးမှ နှလုံးရောဂါဖောက်ကာ သေဆုံးခဲ့​ကြောင်းလည်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုပစ်ခတ်မှုများကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရပြီး ရွာသူ၊ ရွာသားတစ်ချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။