Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြခေါင်းဆောင် ကျောင်းသားတွေ ဆေးရုံတက်နေစဥ်မှာပင် ရဲတွေက ဖမ်းဆီး

အရပ်ဝတ်နဲ့ ရဲတွေဟာ ဆေးရုံကို ရောက်လာပြီးတဲ့နောက် ကျောင်းသားခေါင်းဆောင် သုံးယောက်ကို အတင်းအကျပ် ဆေးရုံဆင်းစေခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းတွေက တားဆီးပေမယ့် မအောင်မြင်ခဲ့ကြောင်း ဆေးရုံဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြခေါင်းဆောင် ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဆေးရုံမှာတင် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

နာဟစ်ဒ် အစ္စလာမ်၊ အာဆစ်ဖ် မူဟ်မက်ဒ်နဲ့ အဘူဘေကာ မာဂျူမ်ဒါတို့ သုံးဦးဟာ ဒါကာမြို့တော်က ဂိုနိုရှက်သရာ ဆေးရုံမှာ ကုသမှု ခံယူနေတဲ့အချိန် ရဲတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရကြောင်း ဆေးရုံ ဝန်ထမ်းတွေ့ ဇူလိုင် ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အရပ်ဝတ်နဲ့ ရဲတွေဟာ ဆေးရုံကို ရောက်လာပြီးတဲ့နောက် ကျောင်းသားခေါင်းဆောင် သုံးယောက်ကို အတင်းအကျပ် ဆေးရုံဆင်းစေခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းတွေက တားဆီးပေမယ့် မအောင်မြင်ခဲ့ကြောင်း ဆေးရုံဖက်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့သုံးယောက်ဟာ ဆန္ဒပြပွဲတွေရဲ့ အစောပိုင်း ကာလတွေတုန်းက ရဲတွေ ဖမ်းဆီးထိန်းသိမ်းတာ ခံရပြီး ရိုက်နှက်နှိပ်စက်လို့ ရထားတဲ့ ဒဏ်ရာတွေကို ကုသမှု ခံယူနေခဲ့တာပါ။

ကျောင်းသားခေါင်းဆောင်တွေကို လာဖမ်းသွားတဲ့ ရဲတွေဟာ အထူးစုံစမ်းရေး ဌာနက ဖြစ်ကြောင်း၊ ဆေးရုံ တာဝန်ရှိသူတွေက အစွမ်းကုန် တားဆီးခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဆေးရုံအုပ် အန်ဝါရာ ဘီဂွမ်လက်ကီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အလုပ်အကိုင် နေရာတွေကို ခွဲတမ်းသတ်မှတ်ပြီး ချန်လှပ်ထားမယ့် ကိစ္စကို တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင် ဆန္ဒပြခဲ့ပြီး ရဲတွေက အကြမ်းဖက် နှိမ်နင်းရာက အဓိကရုဏ်းတွေအသွင် ကူးပြောင်းသွားခဲ့တာပါ။ အဲဒီ ဖြစ်ရပ်တွေဟာ သွေးချောင်းစီးတဲ့ အဆင့်ကို ရောက်သွားပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။

အစ္စလာမ်ရဲ့ အစ်မကြီးဖြစ်သူ ဖာတီမာ တက်စ်နင်မ်က အရပ်ဝတ် ရဲ ၆ ယောက်ဟာ ဆေးရုံကို ရောက်လာပြီး သူ့မောင်အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို အတင်းအကျပ် ဆွဲခေါ်သွားခဲ့ကြောင်း ပြောပါတယ်။ အစ္စလာမ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့ရဲ့ အသက်အန္တရာယ်ကို တွေးတော ပူပန်နေရကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။ သူ့သူငယ်ချင်း တစ်ယောက်ဟာ စုံထောက်တွေ ဆိုသူတချို့ရဲ့ ပြန်ပေးဆွဲမှုဆန်ဆန် ဖမ်းဆီးခံရပြီး စိတ်ပိုင်း ရုပ်ပိုင်း ဖိစီးနှိပ်စက်မှုဆန်တဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ ကြုံခဲ့တယ်လို့ အစ္စလာမ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက သွေးချောင်းစီး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ခွဲထွက်ရေးဝါဒီ စစ်သွေးကြွတွေက သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲပြီး အဲဒီဆန့်ကျင်မှုတွေကို ဖြိုခွင်းမယ်လို့ ကြုံးဝါးထားပါတယ်။ လက်ရှိ အချိန်ထိ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်လို့ အဖမ်းခံရသူ ၄၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။