Connect with us

Hi, what are you looking for?

သတင်း

မောင်​တောတွင် တိုက်ပွဲပြင်းထန်​နေ

အာရက္ခတပ်တော်(AA) က မောင်တောမြို့နယ်တွင်စစ်​ကောင်စီတပ်၏ ​​နောက်ဆုံးကျန်​သောအမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)ကိုထိုးစစ်ဆင်တိုက်ခိုက်​နေပြီး စစ်တပ်က ​လေ​ကြောင်း ၊​ရေ​ကြောင်း၊လက်နက်ကြီးပစ်ကူများဖြင့်ခုခံ​တိုက်ခိုက်နေကာတိုက်ပွဲပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

အာရက္ခတပ်တော်(AA) က မောင်တောမြို့နယ်တွင်စစ်​ကောင်စီတပ်၏ ​​နောက်ဆုံးကျန်​သောအမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)ကိုထိုးစစ်ဆင်တိုက်ခိုက်​နေပြီး စစ်တပ်က ​လေ​ကြောင်း ၊​ရေ​ကြောင်း၊လက်နက်ကြီးပစ်ကူများဖြင့်ခုခံ​တိုက်ခိုက်နေကာတိုက်ပွဲပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။

မောင်တောမြို့မှ စစ်ကောင်စီစခန်းများအပြားကို AAက သိမ်းယူထားပြီး​နောက် AA က ​​မောင်​တောမြို့ကို သိမ်းပိုက်ရန်အတွက် မြို့နယ်အတွင်းတခုတည်း ကျန်သည့် မြို့အဝင်လမ်းတွင် အခိုင်အမာတည်​ဆောက်ထား​သော အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုရက်ပိုင်းတိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ ၊စစ်​ရေယာဥ်များ​ပေါ်မှ ပစ်ကူ​ပေးတိုက်ခိုက်နေသလို ၊ စစ်တွေမြို့မှနေ၍ အတွဲလိုက်ပစ်ဒုန်းများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ​ကြောင်း AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

Public Service Announcement

Public Service Announcement

” မောင်တောက ရတော့မယ်ထင်တယ်။ တပ်တော်က ထိုးစစ်ဆင်နေပြီ။ စစ်တပ်ကတော့ မြေပြင်မှာတော်တော်လေး ကစဉ့်ကလျားဖြစ်နေပြီး စစ်တွေကနေလည်း ပစ်ကူပေးနေတယ်” ဟု ၎င်းကပြောသည်။

မောင်တောမြို့၊ မြို့သူကြီးရွာအခြေစိုက် နခခ-၅ကိုဇူလိုင်လ ၃၁ရက်မှစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ မြို့အနီးတွင်လည်း တိုက်ပွဲများပြင်းထန်​နေပြီး စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရသူ များ​​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်က ​မောင်း​တောမြို့နယ်အတွင်းမှ လူသစ်စုဆောင်းထားသူများလည်းပါဝင်နေပြီး သေဆုံးမှုများပြားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ​

နခခ-၅ စခန်းသည် မောင်တောဒေသအတွင်း၌စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက ဇူလိုင်လ ၁၁ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးလတ်တလောဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီက မောင်တောမြို့အား မဆုံးရှုံးရန်အတွက် မြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် AA ကလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီသည် မောင်တောမြို့တွင်း၌ မိုင်းများထောင်ထား၍ ဒေသခံများမိုင်းအန္တရာယ်သတိရှိကြရန် AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။