Connect with us

Hi, what are you looking for?

News

မြောင်မြို့ပေါ်သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်သုံးစီး မိုင်းခွဲတိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုစာရင်း အတိအကျမသိရသေးဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်သုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးထိခိုက်သွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၆ရက် နံနက် ၉နာရီခွဲခန့်တွင် ကင်းလမ်းခွဲမှ ဝင်လာသည့် စစ်ကားသုံးစီးကို ပဒေသာမိုင်း သုံးလုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကား နှစ်စီး စုတ်ပြန်ခါရမ်းသွားကြောင်း၊ ကျန်ကားပေါ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဆုတ်ခွာလာခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုစာရင်း အတိအကျမသိရသေးဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့၊ မြင်းခြံအခြေစိုက် (၂၇) Revolution Force နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook