Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ကို ထိုင်းအခြေခံ ဥပဒေခုံရုံး ထုတ်ပယ်

ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဝန်ထမ်း ခန့်အပ်မှုဆိုင်ရာ ကျင့်ဝတ်ပိုင်း ချိုးဖောက်မှုအတွက် ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဝန်ထမ်း ခန့်အပ်မှုဆိုင်ရာ ကျင့်ဝတ်ပိုင်း ချိုးဖောက်မှုအတွက် ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ခုံရုံးရဲ့ ဩဂုတ် ၁၄ ရက် ဆုံးဖြတ်ချက်မှာတော့ ဆရက်သာဟာ ထောင်ဒဏ် ကျခံရဖူးတဲ့ ရှေ့နေဟောင်း တဦးကို အစိုးရ အဖွဲ့ထဲမှာ ခန့်အပ်ခဲ့တဲ့ ကိစ္စမှာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ခဲ့တာ ထင်ရှားကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် အသက် ၆၇ နှစ်အရွယ် ဆရက်သာဟာ ဝန်ကြီးချုပ် ရာထူးမှာ ၁ နှစ်လောက်သာ ကြာမြင့်ခဲ့ပြီးတဲ့နောက် ထုတ်ပယ်ခံရတဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အကျိုးဆက်အဖြစ် သူ့ရဲ့ ဖျူထိုင်းပါတီ (PTP)နဲ့ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေကြား နားလည်မှုယူ မဟာမိတ်ပြုထားတဲ့ ညွန့်ပေါင်း အစိုးရရဲ့ အနာဂတ်က မရေမရာ ဖြစ်လာပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ သူ့ရဲ့ နေရာမှာ ကြားကာလ ယာယီ ဝန်ကြီးချုပ် တဦးက အစားထိုး တာဝန်ယူမှာဖြစ်ပြီး အဲဒီနောက်မှာတော့ လွှတ်တော်က ဝန်ကြီးချုပ်သစ် တဦးကို ရွေးကောက် တင်မြှောက်သွားမှာပါ။

ဆရက်သာက သူ့ရဲ့ ရိုးသားမှုကို ယုံကြည်ကြောင်း၊ အခုကိစ္စကြောင့် စိတ်မကောင်းကြောင်း၊ ဒါပေမဲ့ ခုံရုံး စီရင်ချက်ကိုတော့ ဆန့်ကျင်မှာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

သူ့ကို ရာထူးက ထုတ်ပယ်ပေးဖို့အတွက် အထက်လွှတ်တော် အမတ် ၄၀ လောက်က ခုံရုံးမှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။ ဆရက်သာဟာ လာဘ်ပေးဖို့ အားထုတ်မှုအတွက် ထောင် ၆ လ ကျဖူးသူ ပီချစ် ချူယန်ဘန်ကို အစိုးရ အဖွဲ့ထဲမှာ ခန့်အပ်ခဲ့ခြင်းက စည်းမျဉ်းချိုးဖောက်ရာ ရောက်တယ်လို့ အဲဒီ အမတ်တွေက စွပ်စွဲပါတယ်။ နောက်ပိုင်းမှာ ပီချစ်က ဆရက်သာကို ကာကွယ်ဖို့ နုတ်ထွက်သွားပေမယ့် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေကတော့ ကျန်နေခဲ့ပါတယ်။

ဆရက်သာဟာ တူညီတဲ့ ခုံရုံးတစ်ခုတည်းကနေ ၁၆ နှစ်တာ ကာလအတွင်း ထုတ်ပယ်တာ ခံရတဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ အဲဒီခုံရုံးကပဲ ပြီးခဲ့တဲ့ အပတ်မှာလည်း အဓိက အတိုက်အခံ Move Forwardပါတီ (MFP)ကို အခြေခံ ဥပဒေ ချိုးဖောက်တဲ့ ရွေးကောက်ပွဲကြို မဲဆွယ်ကတိတွေ ပေးခဲ့တယ်ဆိုပြီး ဖျက်သိမ်းစေခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း