Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ရေတပ်လက်နက်ကြီး ရမ်းပစ်

ဒေသခံပြည်သူများထိတ်လန့်​၊ ​ကျောင်းများပိတ်

သားကြီး/People’s Spring

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ယနေ့(ဩဂုတ်လ ၁၆ရက်)နံနက် ၉နာရီခန့်က စစ်ကောင်စီရေတပ်ဘက်မှ အကြောင်းရင်းမသိရသေးသည့် သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး တမြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

“ပုသိမ်ကမ်းနားလမ်းဘက်ကနေလည်း သေနတ်သံတွေ အချက်၂၀ လောက်ထွက်တယ်။ ရေတပ်က‌နေလည်းပစ်တယ်။ကြောက်လို့ ကျောင်းတွေ ပိတ်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ကို အတိအကျ မသိရသေးပေ။

Public Service Announcement

Public Service Announcement

“စစ်တပ်က လက်နက်ကြီး ပစ်တယ်။ ဘယ်ကိုပစ်လဲမသိဘူး။ သေနတ်သံတွေလည်း ကြားတော့ တစ်ခုခုထူးနေပြီလို့ ထင်တယ်” ဟု ပုသိမ်မြို့ပေါ်၌ နေသူတဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမှတ် (၉)ရပ်ကွက် သင်္ဘောကျဉ်းဘက်ကမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်အိမ်စည်ကားသုံးစီးသည်

အမှတ် (၂)တံတားကို ပိတ်ဆို့ကာ တားဆီး စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပုသိမ်ကမ်းနားနှင့်မြစ်ဝ၌ ‌ စစ်ရေယာဉ်တပ်ဖြန့်ထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်း သည်​တော်လှန်​ရေး အား​ကောင်းသည့်​ဒေသများတွင်မပါဝင်ဘဲ မြို့နယ်အချို့တွင်သာ PDF များလှုပ်ရှားမှုရှိခဲ့သည်။

သို့​သော် အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်မြို့ဖြစ်သည့် ဂွမြို့အနီးရောက်ရှိလာနောက် ဧရာဝတီငတိုင်းအတွင်းစစ်ရေးကူးစက်လာမည်ကို စစ်‌ကောင်စီက ကြောက်ရွံနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။