Connect with us

Hi, what are you looking for?

News

ကားသုံးစီးဖြင့်သယ်လာသော အာဏာသိမ်းစစ်ကောင်စီပိုင်မြန်မာဘီယာနှင့် ဘီယာများကို ကောလင်းPDFဖျက်ဆီး

ကားသမားများနှင့် ကားများကို ထိခိုက်မှုမရှိစေဘဲ လွှတ်ပေးခဲ့သည်ဟု ကောလင်း PDFက ပြောသည်။ နောက်ထပ်သော စစ်အုပ်စုပိုင်ထုတ်ကုန်များကိုလည်းအလျဥ်းသင့်လျှင် သင့်သလို ဖျက်ဆီးသွားမည်ဟု ကောလင်း PDFက အသိပေးထားသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ၁၂ဘီးတွဲကားသုံးစီးပေါ်၌ တင်ဆောင်လာသော အာဏာသိမ်းစစ်ကောင်စီပိုင်မြန်မာဘီယာအပါအဝင် ဘီယာအမျိုးမျိုးအား ကောလင်း PDFမှ ဖျက်ဆီးလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်က ကောလင်း PDFသည် ရွှေဘို မြစ်ကြီးနားလမ်းပိုင်း၌ ၁၂ ဘီး တွဲကားသုံးစီးအား စစ်ဆေးရစစ်ကောင်စီလုပ်ငန်းစုပိုင် Myanmar beerနှင့်Dagon beer ၊ Adman Gold Beer များအပြည့်တင်လာသည်ကို ဖမ်းဆီးရမိသဖြင့် KLPDF နှင် Local PDF တို့ပူးပေါင်းပြီး စစ်ကောက်စီပိုင်ထုတ်ကုန်များကိုဖျက်ဆီးခဲ့ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

ကားသမားများနှင့် ကားများကို ထိခိုက်မှုမရှိစေဘဲ လွှတ်ပေးခဲ့သည်ဟု ကောလင်း PDFက ပြောသည်။ နောက်ထပ်သော စစ်အုပ်စုပိုင်ထုတ်ကုန်များကိုလည်းအလျဥ်းသင့်လျှင် သင့်သလို ဖျက်ဆီးသွားမည်ဟု ကောလင်း PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။