Connect with us

Hi, what are you looking for?

LuduNwayOo

News

ကားသုံးစီးဖြင့်သယ်လာသော အာဏာသိမ်းစစ်ကောင်စီပိုင်မြန်မာဘီယာနှင့် ဘီယာများကို ကောလင်းPDFဖျက်ဆီး

ကားသမားများနှင့် ကားများကို ထိခိုက်မှုမရှိစေဘဲ လွှတ်ပေးခဲ့သည်ဟု ကောလင်း PDFက ပြောသည်။ နောက်ထပ်သော စစ်အုပ်စုပိုင်ထုတ်ကုန်များကိုလည်းအလျဥ်းသင့်လျှင် သင့်သလို ဖျက်ဆီးသွားမည်ဟု ကောလင်း PDFက အသိပေးထားသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ၁၂ဘီးတွဲကားသုံးစီးပေါ်၌ တင်ဆောင်လာသော အာဏာသိမ်းစစ်ကောင်စီပိုင်မြန်မာဘီယာအပါအဝင် ဘီယာအမျိုးမျိုးအား ကောလင်း PDFမှ ဖျက်ဆီးလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်က ကောလင်း PDFသည် ရွှေဘို မြစ်ကြီးနားလမ်းပိုင်း၌ ၁၂ ဘီး တွဲကားသုံးစီးအား စစ်ဆေးရစစ်ကောင်စီလုပ်ငန်းစုပိုင် Myanmar beerနှင့်Dagon beer ၊ Adman Gold Beer များအပြည့်တင်လာသည်ကို ဖမ်းဆီးရမိသဖြင့် KLPDF နှင် Local PDF တို့ပူးပေါင်းပြီး စစ်ကောက်စီပိုင်ထုတ်ကုန်များကိုဖျက်ဆီးခဲ့ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

ကားသမားများနှင့် ကားများကို ထိခိုက်မှုမရှိစေဘဲ လွှတ်ပေးခဲ့သည်ဟု ကောလင်း PDFက ပြောသည်။ နောက်ထပ်သော စစ်အုပ်စုပိုင်ထုတ်ကုန်များကိုလည်းအလျဥ်းသင့်လျှင် သင့်သလို ဖျက်ဆီးသွားမည်ဟု ကောလင်း PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။