Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ ညောင်ပင်စျေးအနီး စျေးဝယ်ဟန်ဆောင်ပြီး လူသတ်လုယက်မှုဖြစ်ပွား

မန္တလေးမြို့ လူစည်ကားရာ ညောင်ပင်စျေးအနီး က စာချုပ်စာတမ်းရောင်းချတဲ့နေအိမ် ကို မနေ့ (သြဂုတ် ၁၉) ညနေပိုင်းက စျေးဝယ်ဟန်ဆောင်ပြီး လုယက်တဲ့ဖြစ်စဉ်မှာ ဆိုင်ရှင်သက်ကြီးပိုင်း အမျိုးသမီးကြီး ၁ ဦးသေဆုံး သွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ လူစည်ကားရာ ညောင်ပင်စျေးအနီး က စာချုပ်စာတမ်းရောင်းချတဲ့နေအိမ် ကို မနေ့ (သြဂုတ် ၁၉) ညနေပိုင်းက စျေးဝယ်ဟန်ဆောင်ပြီး လုယက်တဲ့ဖြစ်စဉ်မှာ ဆိုင်ရှင်သက်ကြီးပိုင်း အမျိုးသမီးကြီး ၁ ဦးသေဆုံး သွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ အောင်မြေသာစံမြို့နယ် ၊ ၁၈လမ်းနဲ့ ၁၉ လမ်းကြား၊ ၈၆-F လမ်း မှာ ဖြစ်ပွားတာပါ။

Public Service Announcement

Public Service Announcement

မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင် က အမျိုးသား ၂ဦီးနဲ့အမျိုးသမီး ၂ ဦး ရောက်လာပြီး စျေးဝယ်ဟန်ပြုကာ နေအိမ်မှာ ရှိတဲ့ ဆိုင်ရှင် ဒေါ်ခင်မာကြည်ကို ရိုက်နှက်ကြိုးတုပ်ပြီး ပါးစပ် တိတ်ကပ်ကာ လုယက်မှု ကျုးလွန်ခဲ့တာလို့သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အမျိုးသမီး ကြီး ရဲ့ လက်ဝတ်လက်စားတွေကို လုယက်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ရဲ့ ရဲမှတ်တမ်းမှာတော့ နေအိမ်ရဲ့အောက်ထပ်မှာ ပက်လက် သေဆုံးနေတဲ့ အမျိုးသမီးကြီးဟာ အသက် ၇၂ နှစ် ရှိပြီး ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ ဆိုထားပါတယ်။

အခင်း ဖြစ်ပြီးနောက် တွေ့ရတဲ့ ဓာတ်ပုံအရ ရုပ်အလောင်းရဲ့ ဘေးမှာ ဝါယာကြိုး တစ်ချောင်းတွေ့ရသလို အမျိုးသမီးကြီးရဲ့ လက်ကောက်ဝတ်မှာ ကြိုးတုပ်ခံခဲ့ရတဲ့ လက္ခဏာကိုတွေ့ ရပါတယ်။

ဒါအပြင် နှုတ်ခမ်းထောင့်မှာ သွေးထွက်နေပြီး ရင်ဘက်မှာလည်း သွေးစွန်းနေတာတွေ့ရပါသေးတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းအရ လုယက်သတ်ဖြတ်မှုကျုးလွန်သူ လို့ သံသယရှိခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြား အရွယ်တွေ ရှိကြပြီး အမျိုးသား ၂ ဦီးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၄ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပြီး လုယက်မှု ကျုးလွန်တာလို့ စစ်ကောင်စီ ရဲ့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။