Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်း နာရေး

မကျန်းမမာနဲ့ထောင်က ပြန်လွတ်လာတဲ့ မှတ်တ်တမ်းရုပ်ရှင်ဖန်တီးသူ၊ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းရဲ့ နာရေးကို ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ- ရောင်နီ

ရောင်နီ/People’s Spring

မကျန်းမမာနဲ့ထောင်က ပြန်လွတ်လာတဲ့ မှတ်တ်တမ်းရုပ်ရှင်ဖန်တီးသူ၊ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းရဲ့ နာရေးကို ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

https://www.facebook.com/LuduNwayOo/videos/408921045087269

Public Service Announcement

Public Service Announcement

ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် အကျဥ်းထောင်တွင်း ကျန်းမာရေးဆိုးရွားမှုတွေကို ခံစားကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လွတ်ရက်စေ့လို့လွတ်လာပြီး ၃ ရက်အကြာ သြဂုတ်လ ၁၉ ရက်က ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံးတစ်ခုမှာ ကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုဖေမောင်စိမ်းဟာ ၂၀၂၂ ခုနှစ်အတွင်းက ကရင်နီပြည်နယ်အတွင်းတစ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။