Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ မြို့တော်ကို ဒရုန်းတွေနဲ့ အလုံးအရင်း တိုက်ခိုက်ဖို့ ယူကရိန်း အားထုတ်ခဲ့တယ်လို့ဆို

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုဟာ စစ်ပွဲကာလတလျှောက် ယူကရိန်းဆီက အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်းတိုက်ခိုက်မှုကြီး တစ်ခုနဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

Photo - AP Photo/Libkos, File

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုဟာ စစ်ပွဲကာလတလျှောက် ယူကရိန်းဆီက အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်းတိုက်ခိုက်မှုကြီး တစ်ခုနဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ ကျူးကျော်ခဲ့တဲ့ နောက်ပိုင်းကာလတလျှောက် အခုသီတင်းပတ်ထဲမှာ ယူကရိန်းဆီက အတိုင်းအတာ ပမာဏ အများဆုံး ဒရုန်းတိုက်ခိုက်မှုကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ မော်စကိုဆီ ဦးတည်ပျံသန်းလာတဲ့ ဒရုန်း ၄၅ စင်းလောက်ကို အားလုံး အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ်ဒေသနဲ့ ရုရှား ပိုင်နက်ထဲက ကာ့စ်ခ်ဒေသတွေမှာ နှစ်ဖက် အပြန်အလှန် ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်တင်နေတဲ့ ကာလမှာ ယူကရိန်းက အခုလို ဒရုန်းတွေ အလုံးအရင်း စေလွှတ်ပြီး မော်စကို မြို့တော်ကို ခြိမ်းခြောက်ဖို့ အားထုတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၀ ရက်နေ့ သန်းခေါင်ကျော်ကနေ ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းထိ ယူကရိန်း ပိုင်နက်ဖက်ကနေ အစုလိုက် ပျံသန်းလာတဲ့ ဒရုန်းတွေဟာ မော်စကို မြို့တော်ဆီ ဦးတည်ခဲ့တယ်လို့ မော်စကို မြို့တော်ဝန် ဆာဂျီ ဆိုဘီယာနင်က ပြောပါတယ်။ ဒါဟာ စစ်ပွဲကာလတလျှောက် မော်စကိုမှာ ယူကရိန်း ဒရုန်းတွေရဲ့ ပမာဏ အကြီးမားဆုံး ခြိမ်းခြောက်ဖို့ အားထုတ်မှုကို ကြုံရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ရုရှား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ ဒရုန်းတွေကို လမ်းခုလတ်မှာ ကတည်းက ကြားဖြတ် ပစ်ချခဲ့ပေမယ့် ၁၁ စီးကတော့ မော်စကိုမြို့တော် ပိုင်နက်နားထိ ချဉ်းကပ် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

Photo – AFP, File

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းဟာ မော်စကိုသာ မကဘဲ ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘာ့ဂ်နဲ့ ရုရှား အနောက်ဖက်ခြမ်းမှာ တိုက်လေယာဉ်တွေ အခြေစိုက်ရာ လေတပ်စခန်းတွေကိုလည်း ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲ ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်ပြီး နယ်မြေတွေ ထိန်းချုပ် သိမ်းယူမှုကလည်း တဖြည်းဖြည်းချင်း ရှေ့တိုးနေနိုင်ဆဲဖြစ်ပြီး ရုရှားကတော့ အဲဒီ ယူကရိန်း မြေပြင်တပ်တွေကို ချေမှုန်းပစ်ဖို့ အစွမ်းကုန် အားထုတ်သွားမယ်လို့ ခြိမ်းခြောက် ကြုံးဝါးထားပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။