Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာတိုက်ခိုက်မှုအကြောင်း သတင်းကြိုရပေမယ့် လုံခြုံရေးဌာနကို နေတန်ညာဟု အသိမပေးခဲ့ဘူးလို့ဆို

ဂါဇာကမ်းမြှောင် ဒေသမှာ အကြီးစား တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်ခြေ သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေဆီ လက်ဆင့်ကမ်းမပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - AP

ဂါဇာကမ်းမြှောင် ဒေသမှာ အကြီးစား တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်ခြေ သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေဆီ လက်ဆင့်ကမ်းမပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ဖြစ်တဲ့ ဟားမားစ်က အစ္စရေး တောင်ပိုင်းနယ်မြေတွေထဲ ဝင်ရောက်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဂါဇာစစ်ပွဲကြီး စတင်လာခဲ့ပါတယ်။

New York Times သတင်းစာရဲ့ အခုသီတင်းပတ် ဖော်ပြချက်အရ အဲဒီတုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ထောက်လှမ်းရေးတွေက ဂါဇာမှာ တိုက်ခိုက်မှုကြီးတစ်ခုအတွက် ကြံစည်နေတဲ့ အထောက်အထားတွေကို ခြေရာခံမိလာခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ယူအေအီး သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက်က နေတန်ညာဟုနဲ့ ဖုန်းပြောချိန်မှာ အဲဒီကိစ္စကို ကိုယ်တိုင် သတိပေးခဲ့ပေမယ့် နေတန်ညာဟုက အစ္စရေး လုံခြုံရေးဆိုင်ရာ အရာရှိကြီးတွေဆီ လက်ဆင့်ကမ်း မျှဝေမပေးခဲ့ဘူးလို့ New York Timesက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးမှာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ အရှိန်အဟုန် မြင့်တက်လာချိန်မှာ အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နေတန်ညာဟုကတော့ ဂါဇာ တိုက်ခိုက်မှု ဖြစ်နိုင်ခြေအတွက် ကြိုတင် သတင်းရခဲ့တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

New York Timesကတော့ ယူအေအီး သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက်နဲ့ နီးစပ်သူ တစ်ဦး၊ အခုဖြစ်စဉ်အကြောင်း အနီးကပ် သိရှိထားသူ နောက်တစ်ဦးတို့ကို ကိုးကားပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဖုန်းပြောချိန်မှာ ဘင်ဇာယက်က နေတန်ညာဟုကို ဒီအကြောင်း တိုးတိုးတိတ်တိတ် သတိပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီကာလတုန်းက အစ္စရေးရဲ့ လုံခြုံရေးဌာနတွေမှာ အလုပ်လုပ်နေတဲ့ အရာရှိဟောင်း ၅ ဦးကတော့ ဒီသတိပေးချက်ဟာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးအဆင့်တွေဆီ ဘယ်တုန်းကမှ မရောက်ခဲ့ဘူးလို့ ပြောပါတယ်။

နေတန်ညာဟုဟာ တိုက်ခိုက်မှုကြီး မတိုင်ခင် ၆ ရက်အလို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တုန်းက ဂါဇာအရေး ဆွေးနွေးဖို့ လုံခြုံရေး အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ယူအေအီး အစိုးရဆီက သတိပေးမှုအကြောင်း နည်းနည်းလေးတောင် မဟခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီကာလတုန်းက အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယား အစိုးရကြားမှာ သံတမန်ရေးဆိုင်ရာ သဘောတူညီမှုတွေ တည်ဆောက်ဖို့ အခြေအနေ ကောင်းနေတဲ့အတွက် ဂါဇာမှာ စစ်ဆင်ရေး တစ်ခုခု ပြုလုပ်ရင် အဲဒီ ညှိနှိုင်းမှုတွေကနေ လမ်းချော်သွားမှာစိုးလို့ နေတန်ညာဟုက နှုတ်ပိတ်နေခဲ့တာ ဖြစ်နိုင်ကြောင်း New York Timesက သုံးသပ်ခဲ့ပါတယ်။

နေတန်ညာဟုရဲ့ ဝန်ကြီးချုပ်ရုံးကတော့ New York Timesရဲ့ သတင်းဖော်ပြချက်ကို ပယ်ချထားပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ အဲဒီတုန်းက ဝန်ကြီးချုပ်ရုံးရဲ့ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးကြည့်ရင် ယူအေအီးနဲ့ ဆက်စပ်တဲ့ကိစ္စ ဘာမှ မရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။ ဒီဖြစ်ရပ် တစ်ခုလုံးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလနဲ့ တိုက်ဆိုင်ပြီး ဝန်ကြီးချုပ်ကို အပုပ်ချဖို့ ကြံစည်တဲ့ မရိုးမသား လုပ်ရပ်လို့ ဝန်ကြီးချုပ်ရုံးက စွပ်စွဲခဲ့ပြီး နောက်ထပ် ဒီထက် ကောက်ကျစ်တဲ့ အကွက်ဆင်မှုတွေကိုတောင် မြင်ရနိုင်သေးကြောင်း ပြောပါတယ်။

ယူအေအီး အစိုးရကလည်း ဂါဇာမှာ တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာနိုင်ခြေအတွက် အစ္စရေးနဲ့ ဆွေးနွေးခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ လုံခြုံရေး ကဏ္ဍအတွက် ယူအေအီးဟာ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနဲ့ သင့်တော်တဲ့ အဆင့်အလိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ နိုင်ငံနှစ်ခု ခေါင်းဆောင်တွေကြား အခုလောက် အသေးစိတ်ဆန်တဲ့ ဆွေးနွေးမှုမျိုးတော့ မလုပ်ခဲ့ကြောင်း ယူအေအီးဖက်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ရန်သူတွေကိုသာ မကဘဲ မိတ်ဖက် နိုင်ငံတွေကိုပါ ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

Facebook