Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်သူအားလုံးကို အမေရိကန်တိုက်တွန်း

မြန်မာပြည်သူများအတွက် အမေရိကန်၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲတည်မြဲနေဟုဆို

ဘူးသီး​တောင် နှင့် ​မောင်​တော မြို့တိုက်ပွဲများတွင် ပိတ်မိ​နေ​သော ရိုဟင်ဂျာများကို AA တပ်ဖွဲ့ဝင်များကကယ်ထုတ်စဥ်။ဓါတ်ပုံ- AA Info Desk

ထားအိ/People’s Spring

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်သူအားလုံးကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အောက်မေ့သတိရခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းဖြစ်ပြီး ယခုသီတင်းပတ်သည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာပြည်သူသိန်းနှင့်ချီကာ ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင်တွေ့ကြုံနေကြရသည့် အခက်အခဲများကို ပိုမိုဆိုးရွားစေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

အမေရိကန်သည် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများအတွက် ၎င်းတို့၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲ တည်မြဲနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။