Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်သူအားလုံးကို အမေရိကန်တိုက်တွန်း

မြန်မာပြည်သူများအတွက် အမေရိကန်၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲတည်မြဲနေဟုဆို

ဘူးသီး​တောင် နှင့် ​မောင်​တော မြို့တိုက်ပွဲများတွင် ပိတ်မိ​နေ​သော ရိုဟင်ဂျာများကို AA တပ်ဖွဲ့ဝင်များကကယ်ထုတ်စဥ်။ဓါတ်ပုံ- AA Info Desk

ထားအိ/People’s Spring

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်သူအားလုံးကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အောက်မေ့သတိရခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းဖြစ်ပြီး ယခုသီတင်းပတ်သည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာပြည်သူသိန်းနှင့်ချီကာ ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင်တွေ့ကြုံနေကြရသည့် အခက်အခဲများကို ပိုမိုဆိုးရွားစေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

အမေရိကန်သည် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများအတွက် ၎င်းတို့၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲ တည်မြဲနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

အကြမ်းဖက်မှု တရားခံ တစ်ဦးကို ကွပ်မျက်မယ့် အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တားမြစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

နိုင်ငံတကာ

ဟာရီကိန်းမုန်တိုင်း အီဆာယီးယက်စ် ဝင်ရောက် တိုက်ခတ်မှုကြောင့် အမေရိကန်မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။