Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း ကွင်း(၅၀၀)တပ်စခန်းအား မန္တလေးPDF သိမ်းပိုက်

မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားအတွင်း စစ်ကောင်စီတပ်စခန်း ကင်းစင်သွား

သိမ်းဆည်းရမိသာလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF

အင်ကြင်း/People’s Spring

သပိတ်ကျင်းမြို့နယ်ရှိ ကွင်း(၅၀၀)တပ်စခန်းအား သိမ်းပိုက်ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအများအပြားရရှိကာ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီစခန်းများအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး)က ယနေ့(သြဂုတ်၂၆ရက်) သတင်းထုတ်ပြန်သည်။

ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီတပ် အင်အား၄၀၀ခန့်အား ဩဂုတ် ၅ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အဆိုပါ စခန်းကို ဩဂုတ်လ ၂၅ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တ​လေးPDFက အသိပေးသည်။

“အဲဒီစခန်းက မန္တလေး-မိုးကုတ်လမ်းပိုင်းအရှေ့ဘက်မှာရှိပြီး ဇရပ်ကွင်းအနီးမှာရှိပါတယ်ဗျ။မိုးကုတ်-မန္တ​လေး ကားလမ်းမတလျှောက်မှာတော့ စစ်ကောင်စီစခန်း လုံးဝမကျန်ရှိတော့ပါဘူးခင်ဗျ။”ဟု မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကွင်း(၅၀၀)တပ်စခန်းမှ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း၊ တိုက်ပွဲတွင် မန္တလေးPDFနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ကပင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သပိတ်ကျင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သည်။ မန္တလေး PDFကလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ ခုအား သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။