Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့ စစ်ကောင်စီတပ်ဝင်လာပြီးနောက် နေအိမ်များမီးရှို့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ဒေသခံများ​၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီက မီးရှို့ခဲ့သည့် စံပြ (၆)မိုင်နှင့် (၅)မိုင် ကျေးရွာကြားရှိ နေအိမ်အချို့ မီးလောင်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KnHRG

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ဒေသခံများ​၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ထုတ်ပြန်သည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုလမ်းမဘေးရှိစံပြ (၆)မိုင်နှင့် (၅)မိုင် ကျေးရွာ အကြားရှိ နေအိမ်များကို ယမန်နေ့ (သြဂုတ် ၂၇ရက်) နံနက် ၇ နာရီခန့်ကစ၍ စစ်ကောင်စီတပ်များမှ အကြောင်းမဲ့မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ၂၀ခန့်ပျက်စီးနိုင်ပြီး ယခုပတ်အတွင်း လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှ ဒေါပိုစီးကျေးရွာ နှင့် မြို့ပေါ် ရပ်ကွက် အချို့မှ နေအိမ် ၁၀လုံးထက်မနည်း မီးရှို့ဖျက်စီးခဲ့သေးသည်ဟု KnHRGက အသိပေးသည်။

“လွိုင်ကော်ကနေ ဆင်းလာတဲ့ စကစ တပ်တွေက ဒီးမော့ဆို ခလရ(၁၀၂)တပ်ကို ရောက်သွားပြီ။၂၅ ရက် နေ့လောက်ကရောက်တယ်။၂၆ ရက်ကစပြီး တပ်ဘေး ပတ်ပတ်လည် ကို လက်နက်ကြီးနဲ့ ပစ်လို့ ကလေးငယ်တစ်ဦး ထိထားတာရှိတယ်။ရိက္ခာပဲလာ ပို့တာလား ဒါမှမဟုတ်စစ်ထိုးမလားဆိုတော့ ကွဲကွဲ ပြား ပြားမသိနိုင်သေးဘူး” ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

သြဂုတ် ၂၃ ရက်ကစ၍ တပ်ရင်းသုံးခုခန့်အသုံးပြုကာ စစ်ကောင်စီက လွိုင်ကော်မြို့ တောင်ဘက်မှတဆင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဒီးမော့ဆိုမြို့ရှိ ၎င်းတို့၏အခြေစိုက်တပ်ရင်းများနှင့်ချိတ်ဆက်ခဲ့သည်။

“ပစ်ကွင်းရှင်းအောင် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာပေါ့။သူတို့အသာစီးရဖို့ဆိုရင် ပြည်သူတွေကို မငဲ့ကွက်တဲ့ပုံစံမျိုးဖြစ်တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။

ထို့အပြင် လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်လမ်းပိုင်းများအား အသုံးမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

သို့သော်လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ KNDF အပါအဝင် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဘက်က သီးခြားမှတ်ချက်မပေးသေးပေ။ဒီးမော့ဆိုမြို့နယ်တွင် စစ် ကောင်စီ၏ ခမရ (၄၂၇)နှင့် ခလ( ၁၀၂)တပ်တို့ အခြေစိုက်ထားသည်။

“လွိုင်ကော် “နဲ့ ငွေတောင် ခလရ(၁၀၂)ကြားမှာရှိတဲ့ ရွာတွေကို ၆ မိုင်နဲ့ ၅ မိုင်ကြားမှာရှိတဲ့ ရွာက လူထုနေအိမ် ၁၅ လုံး နဲ့ ၂၀ကြားမှာ ရှိတယ်”ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IECအတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်