Connect with us

Hi, what are you looking for?

သတင်း

တောင်သာပကဖက ရဲဘော် ၇ ဦးထုတ်ပယ်

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှရဲဘော်၇ဦးအား ထုတ်ပယ်လိုက်ကြောင်း တောင်သာပကဖအဖွဲ့ကယနေ့(သြဂုတ်၂၉ရက်)တွင် သတင်းထုတ်ပြန်သည်။

ဇေအောင်/People’s Spring

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှရဲဘော်၇ဦးအား ထုတ်ပယ်လိုက်ကြောင်း တောင်သာပကဖအဖွဲ့ကယနေ့(သြဂုတ်၂၉ရက်)တွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များဖြစ်သော ခြုံကြီးကျေးရွာမှ အောင်ဘော်၊ ဖိုးချမ်း၊ဟိန်းဇော်ဖြိုး(ခ)စမုံ၊ ရွှေခြုံ၊ သိန်းဇော်(ခ) ကောက်ကြီး၊ ရန်ရှင်း(ခ)ငဒူ၊ ကိုထွန်း(ခ)ဆံရှည် အစရှိသည့် ရဲဘော်၇ဦးအား ထုတ်ပယ်လိုက်ကြောင်း တောင်သာပကဖအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

၎င်းရဲဘော် ၇ ဦးသည် အဖွဲ့၏ COC မလိုက်နာမှု၊ စည်းကမ်းမလိုက်နာမှု၊ အုပ်စုဖွဲ့ထင်ရာစိုင်းလုပ်ဆောင်မှုများ ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိခဲ့၍ သက်ဆိုင်ရာခရိုင်၊ တိုင်းများသို့ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်အရ ထုတ်နှုတ်ပယ်ဖျက်ခြင်းဖြစ်ကြောင်း တောင်သာပကဖအဖွဲ့က ဆိုသည်။

“တော်လှန်ရေးအတွက် စည်းမျဥ်း စည်းကမ်းအတိုင်း အကုန်လုပ်ထားပါတယ်။”ဟု တောင်သာပကဖအဖွဲ့ တာဝန်ရှိသူ​က ပြောသည်။

၎င်းတို့အားမထုတ်ပယ်ခင် ရှင်းပြခြင်း၊သတိ​ပေးခြင်းများပြုလုပ်ခဲ့​ကြောင်း ၎င်းကဆက်​ပြောသည်။

ထုတ်ပယ်ခံရသည့်ရဲဘော်များအား လူထုနွေဦးက ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ အလားတူ အဆိုပါရဲ​ဘော် ၇ ​ယောက်ကိုထုတ်ပယ်ခဲ့သည့် အ​ကြောင်းအရင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်​ရေးအစိုးရ၊ကာကွယ်​ရေးဝန်ကြီးဌာန သို့မေးမြန်းရန် ဆက်သွယ်​နေဆဲဖြစ်ပါသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)​တွင်​တောင်သာပကဖလည်းပါဝင်တိုက်ခိုကျနသည်။မြင်းခြံခရိုင် အထူးစစ်ဆင်ရေး တွင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း ၄ နေရာအား ထပ်မံတိုက်ခိုက်မှုတွင်ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း၌ နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် တောင်သာမြို့၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်စီးသွားပြီး စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။