Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားများအား မိုးကာအုပ်တင်လာသော ၁၂ ဘီးကားကို ရေစကြိုPDFမိုင်းခွဲတိုက်ခိုက်

ကားပေါ်တွင်လိုက်ပါလာသည့် စစ်သားရဲသားများ ထိ ခိုက်မှုရှိနိုင်ပြီး မိုင်းထိထားသော ကားမှာဝရုန်းသုန်းကား မောင်းပြေးသွားကြောင်း ရေစကြို PDFက ပြောသည်။

အပြစ်မဲ့ပြည်သူများလွတ်မြောက်လာမှုအား ကြိုဆိုသည့်အနေဖြင့် ဗုံးနှစ်လုံးဖောက်ခွဲ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများအား ၁၂ ဘီးယာဥ်ပေါ် မိုးကာအုပ်သယ်ဆောင်လာစဥ် ရေစကြို PDF အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ၁၉ရက်)နံနက် ၉နာရီခန့်က စစ်သားနှင့်ရဲများအား မိုးကာနက်အုပ်၍ ခိုးဝှက်တင် ဆောင်လာသော ( ၁၂) ဘီးကားတစ်စီးအားသတင်းရလျှင်ရခြင်း အလျင်အမြန် ချောင်းဦး-ရေစကြိုကား
လမ်း ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF အဖွဲ့က အသိပေးသည်။

ကားပေါ်တွင်လိုက်ပါလာသည့် စစ်သားရဲသားများ ထိ ခိုက်မှုရှိနိုင်ပြီး မိုင်းထိထားသော ကားမှာဝရုန်းသုန်းကား မောင်းပြေးသွားကြောင်း ရေစကြို PDFက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းမဖြစ်ပွားမီ နံနက် ၇ နာရီခန့်မှစတင်ကာ ချောင်းဦး-ရေစကြို ကားလမ်း အောက်အိုရွာတွင် စစ်သားနှင့်ရဲများ ရောက်ရှိနေပြီး ကားလမ်းပေါ်တွင်နေရာယူထားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံကြီးတော့ ကြားလိုက်တယ်။ မြေတောင်တုန်နေတာ။ ဘာလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ရေစကြိုမြို့အဝင်တွင် ဗုံးနှစ်လုံးလည်း ပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသော ရေစကြိုမြို့မှ အပြစ်မဲ့ပြည်သူများ ရေစကြိုမြို့သို့ ပြန်လည်ရောက်ရှိလာခြင်းအား People Defense Force Yesagyo မှ ဗုံးခွဲပြီး ကြိုဆိုခြင်းဖြစ်ကြောင်း၊ မလွတ်မြောက်သေးသော အပြစ်မဲ့ ပြည်သူများလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြုတ်ရေး အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေစကြို PDFအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။