Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ် စနိုက်ပါဖြင့် ပစ်ခတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ရှိ မီးသတ်ဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

မြိုင်မြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်အား စနိုက်ပါဖြင့် ပစ်ခတ်နေသော PDF ရဲဘော်တစ်ဦးအား တွေ့ရစဥ်။

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့ရှိ မီးသတ်ဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၈ ရက်) နေ့လယ် ၁ နာရီခွဲခန့်က မြိုင်မြို့အနောက်ဘက်စျေးနှင့် ပန်းခြံအနီးရှိသော မီးသတ်ရုံးဂိတ်ရှိ စစ်​ကောင်စီတပ်သားများနှင့် ရဲများအား မြိုင်ပကဖက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်စဥ် မီးသတ်ဂိတ်ဘန်ကာအတွင်းမှ ဂိတ်စောင့်စစ်သားအား ပစ်ခတ်နိုင်ခဲ့ကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးသတ်ဂိတ်နားကို မီတာတစ်ရာလောက် ကပ်ပြီးမှ စနိုက်ပါနဲ့ ချောင်းပစ်ခဲ့တာ။ တစ်ကောင်ကတော့ကြွသွားတယ်။”ဟု ကိုလက်ယျာက ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၇ရက်ကလည်း မြိုင်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်စည်ပင်သာယာရေးရုံး၊ တရားရုံး၊ ပညာရေးမှူးရုံးနှင့် ပြည်ခိုင်ဖြိုးပါတီရုံးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရုံးအချို့ မီးလောင်ပျက်စီးခဲ့သည်။

သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား PDFများက သိမ်းပိုက်နိုင်ခဲ့သည်။

အထိနာနေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၆ ရက်တွင် မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook