Connect with us

Hi, what are you looking for?

News

ဗိုလ်ချုပ်ဂွန်မော်ဖော်ပြသည့် KIO/KIA ဌာနချုပ် လိုင်ဇာ သီတင်းကျွတ်ည မြင်ကွင်း

KIAသည် အာဏာသိမ်းပြီးနောက်ပိုင်းမတ်လမှ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများလည်းလုပ်ဆောင်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ်၏ လိုင်ဇာမြို့ သီတင်း ကျွတ်လပြည့်ညမြင်ကွင်းကို KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ Facebook စာမျက်နှာ၌ ယနေ့ညပိုင်းတွင် ဖော်ပြသည်။

ယခင်က KIA ဒုတိယ စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ယခု ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ဂွန်မော် ဖော်ပြသည့် လိုင်ဇာညဓာတ်ပုံများတွင် ကလေးငယ်များ ဖယောင်းတိုင်ထွန်းနေသည့် ပုံ၊ စျေးဆိုင်ငယ်တွင် ဖယောင်းတိုင် ထွန်းထားသည့်ပုံနှင့် ဖယောင်းတိုင်များထွန်းပြီး နွေဦးအောင်ပွဲဟု ပုံဖော်ထားသည့် ဓာတ်ပုံတို့ကို ဖော်ပြခဲ့သည်။

KIAသည် အာဏာသိမ်းပြီးနောက်ပိုင်းမတ်လမှ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများလည်းလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။