Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်ချုပ်ဂွန်မော်ဖော်ပြသည့် KIO/KIA ဌာနချုပ် လိုင်ဇာ သီတင်းကျွတ်ည မြင်ကွင်း

KIAသည် အာဏာသိမ်းပြီးနောက်ပိုင်းမတ်လမှ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများလည်းလုပ်ဆောင်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ်၏ လိုင်ဇာမြို့ သီတင်း ကျွတ်လပြည့်ညမြင်ကွင်းကို KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ Facebook စာမျက်နှာ၌ ယနေ့ညပိုင်းတွင် ဖော်ပြသည်။

ယခင်က KIA ဒုတိယ စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ယခု ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ဂွန်မော် ဖော်ပြသည့် လိုင်ဇာညဓာတ်ပုံများတွင် ကလေးငယ်များ ဖယောင်းတိုင်ထွန်းနေသည့် ပုံ၊ စျေးဆိုင်ငယ်တွင် ဖယောင်းတိုင် ထွန်းထားသည့်ပုံနှင့် ဖယောင်းတိုင်များထွန်းပြီး နွေဦးအောင်ပွဲဟု ပုံဖော်ထားသည့် ဓာတ်ပုံတို့ကို ဖော်ပြခဲ့သည်။

Public Service Announcement