Connect with us

Hi, what are you looking for?

News

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးသူများကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးမှု ဖြစ်စဉ်များပြား

မကွေး၊ မုံရွာ၊ မိတ္ထီလာ၊ သာစည်၊ ရန်ကုန်၊ ထားဝယ်နှင့် ပွင့်ဖြူတို့တွင် လွှတ်ပေးသူများကို ပြန်လည် ဖမ်းဆီးခြင်းများရှိနေသည်ဟု သတင်းဌာနများက ဖော်ပြထားသကဲ့သို့ဒေသခံအချို့ကလည်း ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးတဲ့သူများအား ပြန်လည်ဖမ်းဆီခြင်းကို မြို့နယ်အများအပြား၌ ပြုလုပ်နေသည်။

စစ်ကောင်စီက ၎င်းတို့ မတရားဖမ်းဆီးထားသည့် ပြည်သူများအနက် ပြစ်ဒဏ်ချ မှတ်ခံထားရသူ ၁,၃၀၀ ကျော်နှင့် တရားစွဲခံထားရသူ ၄,၃၀၀ ကျော်ကို အမှုပိတ်သိမ်း ပြန်လွှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခု သီတင်း ကျွတ်ကာလ၌ ပြန်လွှတ်ပေးခဲ့သည်။

သို့ရာတွင် မကွေး၊ မုံရွာ၊ မိတ္ထီလာ၊ သာစည်၊ ရန်ကုန်၊ ထားဝယ်နှင့် ပွင့်ဖြူတို့တွင် လွှတ်ပေးသူများကို ပြန်လည် ဖမ်းဆီးခြင်းများရှိနေသည်ဟု သတင်းဌာနများက ဖော်ပြထားသကဲ့သို့ဒေသခံအချို့ကလည်း ပြောသည်။

“ကျွန်တော်တို့ မြို့နယ်မှာလည်း ၅၀၅(က)နဲ့ ဆွဲထားတဲ့ ကလေးတွေရှိတယ်။ ရှိတော့ သူတို့လွတ်လာမှာစိုးတော့ ရပ်/ကျေးက စစ်ကောင်စီ ဒေါက်တိုင်တွေ အုပ်ချုပ်ရေးမှူးတွေက ဒီကလေးတွေလွတ်လာမှာကို အင်မတန်မှ ကြောက်တော့ ဒီကလေးတွေကို ထပ်ပြီး၊ စစ်ကောင်စီနဲ့ ပေါင်းပြီး နောက်ထပ်မတရား ပုဒ်မတွေတပ်တယ်။ မီးရှို့တယ်ပေါ့ မဟုတ်ဘဲ နဲ့ မီးရှို့တယ်ဆိုတဲ့ ပုဒ်မတွေတပ်ထားတယ်ပေ့ါ။ အဲဒီလို ပုဒ်မတပ်လိုက်တော့ ဒီကလေးတွေက လွှတ်လို့မရဘူးလေ” ဟု ပွင့်ဖြူဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မကွေးတွင်လည်း ကျောင်းသာတစ်ဦးကို ထောင်ဗူး၀မှ ပြန်လည်ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။

“မိတ္ထီလာမှာလည်း ၁၁ယောက် အဖမ်းခံရတယ်လို့ ကြားရတာပေါ့။ မိတ္ထီလာကလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အပါအဝင်ပေ့ါ အဲဒါမျိုးပြန်ဆွဲသွားတာတွေရှိပါတယ်”ဟု အဆိုပါဒေသခံက ပြောသည်။

သတင်းဌာနများ၏ ဖော်ပြချက်အရ မိတ္တီလာက ရွေးကောက်ခံ အမတ် ဦးလွင်မောင်မောင် အပါအဝင် NLDပါတီဝင် ၁၁ဦးသည် လွတ်မြောက်သည့် စာရင်း၌ ပါသော်လည် အောက်တိုဘာ ၁၈ရက် ညပိုင်းက ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟုဆိုသည်။

သာစည်မြို့နယ်မှာနေတဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်လေးလေးနိုင်ကို လည်း လွှတ်ပြီး ပြီးချင်းဖမ်းဆီးခဲ့သည်။ အဆိုတော် အီတိုးသည်လည်း ထောင်က လွတ်ပြီး ၂၄နာရီ မပြည့်ခင်မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။ ထားဝယ် အကျဉ်း ထောင်မှာလည်း လွှတ်ပေးသူတွေထဲက ပြန်လည်ဖမ်းဆီးခံရမှု ရှိသကဲ့သို့ ပုဒ်မ ၅၀၅(က)အမှုမှ လွတ်လာသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုခန့်ဇင်ကိုသည်လည်း မုံရွာထောင်၌ပင် ပြန်လည်ဖမ်းဆီးခံရသည်ဟု ဆိုသည်။

“ကိုယ့်မှာ အပြစ်လည်းမရှိဘူး။ မတရားချုပ်နှောင်ထားတယ်။ ချုပ်နှောင်ထားပြီး လွတ်လာတော့ ဝမ်းသာရမယ် ပျော်ရမယ် မိသားစုတွေပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရမယ့်အချိန်မှာ အခုလို ပြန်ဖမ်းသွားတယ်ဆိုတော့ ပိုပြီးတော့ စိတ်ဒဏ်ရာခံစားမှုတွေပိုပြီး ကြီးထွားလာတာပေါ့။ နဂိုရ်ကတည်းက မလွှတ်ဘူးဆိုရင် တမျိုးပေါ့” ဟု ပွင့်ဖြူဒေသခံက ပြောသည်။

(​အောက်တိုဘာ၁၉ရက်က အင်းစိန်အကျဥ်း​ထောင်​ရှေ့၌ လွတ်​မြောက်လာသူများအား ​စောင့်ဆိုင်းကြို​ဆို​နေကြသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook