Connect with us

Hi, what are you looking for?

သတင်း

အပူပိုင်းမုန်တိုင်းငယ် ထိုင်းတွင်အားပျော့ပျက်ပြယ်

မုတ်သုံအား​ကောင်း​နေ၍​ဒေသအချို့မိုး​ကောင်းနိုင်

မိထက်/People’s Spring

အပူပိုင်းမုန်တိုင်းငယ် Soulik သည် ထိုင်းနိုင်ငံတွင်အားလျော့ပျက်ပြယ်သွားပြီးဖြစ်​သော်လည်းအမုတ်သုန်လေအားကောင်းနေ၍ မြန်မာနိုင်ငံဒေသအချို့ မိုးကြီးနိုင်သေးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

အပူပိုင်းမုန်တိုင်းငယ် Soulik သည် ယနေ့(စက်တင်ဘာလ ၂၀ရက်) နံနက်ပိုင်း၌ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်သို့ ဝင်ရောက်ခဲ့ပြီး နောက် ကုန်းတွင်းပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ပျက်ပြယ်သွားပြီဖြစ်သည်။မုန်တိုင်းငယ်၏ သက်ရောက်မှုကြောင့် မုတ်သုန်လေဖိအားနည်းမြှောင်တန်း အားကောင်းလာစေပြီး မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အသိပေးထားသည်။

စက်တက်ဘာလ ၂၁ ရက် နှင့် ၂၂ရက်၌ မြန်မာနိုင်ငံဒေသအများစု မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်းနှင့်တောင်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အပူပိုင်းမုန်တိုင်းငယ် Soulik သည်စက်တင်ဘာလ ၁၉ရက်ညနေတွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို တစ်နာရီ မိုင် ၄၀ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်ပြီး ယနေ့နံနက်ပိုင်းတွင်လာအိုနိုင်ငံ၊ နှင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမရောက်မီ အားလျော့ပျက်ပြယ်သွားခြင်းဖြစ်သည်။

မူလခန့်မှန်းချက်များတွင် အပူပိုင်းမုန်တိုင်းငယ် Soulik သက်​ရောက်မှုကြောင့် မြန်မာနိူင်ငံ ဒေသအများအပြား မိုးကြီးနိုင်၍ ရေဘေးသတိပေးချက်များထုတ်ပြန်ခဲ့သည်။ ယခုမူ အားပျော့ပျက်ပြယ်ခြင်းနှင့်အတူ မိုးကြီးနိုင်သည့် ဒေသအရေအတွက်လည်း နည်းပါးသွားပြီဖြစ်သည်။

လက်ရှိတွင် မုတ်သုန် လေဖိအားနည်းမြှောင်တန်း အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံနေရာဒေသ အများစုတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် တောင်ကုန်းတောင်တန်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် ဒေသခံပြည်သူများအနေဖြင့် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံနိုင်မှုအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန်လည်း MOHADMက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။