Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဂျပန်မှာ ၁၅ ဦး ဒဏ်ရာရပြီး အများအပြား ရွှေ့ပြောင်းခဲ့ရ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဓာတ်ပုံ - The Yomiuri Shimbun

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဇွန်လ ၂ ရက်နေ့က မုန်တိုင်း ဂျန်မီဟာ ကာဂိုရှီးမား ဒေသနားကနေ ဖြတ်သန်းပြီး အရှေ့မြောက်ဖက်ကို ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။ ဂျန်မီဟာ ကနဦးက တိုင်ဖွန်းအဆင့် ရောက်ခဲ့ပြီး အပူပိုင်း မုန်တိုင်းငယ် အဆင့်ကို ပြန်လည် အားလျော့သွားခဲ့တာပါ။ လက်ရှိ ရွေ့လျားနေတဲ့ လမ်းကြောင်းအရ ဂျန်မီဟာ တိုကျိုမြို့တော်ကိုပါ ဖြတ်သန်းသွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သန်းချိန် အတောအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီးနိုင်ခြေရှိတဲ့ ဒေသတွေမှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေကို တာဝန်ရှိသူတွေက စီစဉ်ခဲ့ရပါတယ်။ မုန်တိုင်းနဲ့ ဆက်စပ်ပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိခဲ့သလို လေယာဉ်ခရီးစဉ် ရာနဲ့ချီပြီး ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါ့အပြင် ဓာတ်အား ပြတ်တောက်မှုတွေကြောင့် အိမ်ခြေ သောင်းနဲ့ချီ လျှပ်စစ်မီး မရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းချဉ်းကပ်လာချန် အတောအတွင်း မီယာဇာကီနဲ့ ကာဂိုရှီးမားတို့မှာ လူပေါင်း ၈ သိန်းကျော်လောက်ကို လိုအပ်လာရင် ရွှေ့ပြောင်းနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးချက်တွေ ပေးပို့ထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျန်မီမုန်တိုင်း ဖြတ်သန်းတိုက်ခတ်တဲ့အချိန် တိုကျိုမှာ ခရီးသွားလာမှု ကွန်ရက်တွေ အနှောင့်အယှက် ဖြစ်တာမျိုး၊ ကျောင်းတွေ ပိတ်ထားရတာမျိုး ကြုံလာနိုင်ခြေလည်း ရှိနေပါတယ်။ တိုကျိုနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ တချို့သော ကျောင်းတွေကတော့ ဇွန်လ ၃ ရက်နေ့မှာ ကျောင်းပိတ်မယ်လို့ ကြိုတင် ဆုံးဖြတ်ခဲ့ပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးဟာ အိုကီနာဝါ ဒေသခံတွေဖြစ်ပြီး အများစုက လေအားပြင်းလွန်းလို့ အရာဝတ္ထုတွေ လွင့်စဉ် ထိမှန်ခံရသူတွေ၊ ကိုယ်တိုင် လဲကျသွားခဲ့သူတွေလို့လည်း သိရပါတယ်။

ဂျပန်ရဲ့ အကြီးဆုံး လေကြောင်းလိုင်း နှစ်ခုဖြစ်တဲ့ All Nippon Airwaysနဲ့ Japan Airlinesတို့ဟာလည်း ဇွန်လ ၁ ရက်ကနေ ၃ ရက်နေ့ထိ အတောအတွင်း စုစုပေါင်း ခရီးစဉ် ၆၀၀ လောက်ကို ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...