Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာ၍ ရန်သူပီသသည့် စစ်ကောင်စီ၏လုပ်ရပ်ကို သတိချပ်ရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဒုက္ခကြုံနေရသည့်ရှိ အခြေအနေများတွင် ပြည်သူကို ကူညီရန် မစဉ်းစားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ထက်ပိုလုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

စစ်​ကောင်စီဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးပြန်လည်ထူထောင်ရေး​ FB

ဟန်နွေ/People’s Spring

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဒုက္ခကြုံနေရသည့်ရှိ အခြေအနေများတွင် ပြည်သူကို ကူညီရန် မစဉ်းစားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ထက်ပိုလုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ ယခု ရက်သတ္တပတ်များအတွင်း မုန်တိုင်း၏ ရိုက်ခတ်မှု၊ ရာသီဥတုဆိုးရွားမှုများကြောင့် ပြည်သူများ ဒုက္ခာရောက်နေကြရသည့် အခြေအနေကို ထည့်သွင်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

” ဒီလို အချိန်မျိုးမှာတောင်မှ ပြည်သူကိုကူညီဖို့ စဉ်းစားတာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရင်ကာလထက်ပိုမိုပြီး ဆောင်ရွက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ပြည်သူတွေရဲ့ လက်ရှိအခြေအနေ တွေကို လုံးဝထည့်တွက်ခြင်းမရှိဘဲ ရန်သူဟာ ရန်သူပီသအောင် အမြဲတမ်းဆောင်ရွက်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည့် အဓ္ဓမစစ်သားစုဆောင်းမှုပြုလုပ်သည့် ကိစ္စကအစ တစ်ခုပြီးတစ်ခု စစ်ကောင်စီက တော်လှန်ရေးအရှိန်အဟုန် ရပ်တန့်အောင် တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ယုံကြည်မှု၊နားလည်မှုများ ပျက်ယွင်းအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေဟု သတိပေးသည်။

” ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း တော်လှန်ရေးလုပ်ငန်းများကို ဆွေးနွေး ဆောင်ရွက်ကြရာမှာနိုင်ငံရေး၊ သံတမာန်ရေး၊ စစ်ရေး နည်းလမ်းများကို ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို တုန့်ပြန်နိုင်ဖို့အတွက် ဝန်ကြီးဌာန တခုနဲ့တခုချိတ်ဆက်မှု၊ ပေါင်းစပ်မှု အားကောင်းနေဖို့ လိုအပ်သလို အစိုးရအနေနဲ့ဖွဲ့စည်းထားတဲ့ ကော်မတီတွေဆိုရင်လည်း ကော်မတီလုပ်ငန်းစဉ် တခုနဲ့ တခုဟာ ချိတ်ဆက်မိနေဖို့ အင်မတန်အရေးကြီးပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

တော်လှန်ရေးအင်အားစု တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပေါင်းစပ်မှုများသည်များစွာ အရေးကြီးနေပြီဖြစ်သည်ဟုလည်း ထည်သွင်း ပြောကြားသည်။

တော်လှန်ရေးအခြေအနေများအရ စုစည်းမှု၊ ပေါင်းစပ်ဆောင်ရွက်မှု၊ အချင်းချင်းကြား နားလည်မှုများ ပိုအားကောင်းလေ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံးဖယ်ရှားနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု အားကောင်စေရေး အားစိုက် ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

စစ်ရေးအရအထိနာနေသည့် စစ်ကောင်စီတပ်သည် ၎င်း စွန့်လွှတ်ခဲ့ရသည့် နယ်မြေဒေသ၊ မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခု စက်တင်ဘာလအတွင်း ပိုမိုပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook