Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းမြို့အနီး တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

ဆင်ဖြူကျွန်းမြို့အနီး ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကိုစက်တင်ဘာ ၂၄ ရက်ညကတွေ့ရစဥ်။ဓာတ်ပုံ-အမှတ်(၁)စစ်ဒေသ မကွေးခရိုင်ကွပ်ကဲရေးရုံး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၄ရက်)နံနက်ပိုင်းက ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်သာရှိခဲ့ပြီး သူတို့ဘက်ကသာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။ အခုကတော့ အခြေအနေပြန်လည်တည်ငြိမ်နေပါတယ်”ဟု ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဆင်ဖြူကျွန်းမြို့ပေါ်မှစစ်ကောင်စီတပ်က ညသန်းခေါင်အထိ လက်နက်ကြီး၊ ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ နွယ်တမယ်တံတားဘက်သို့လည်းရမ်းသန်းပစ်ခတ်မှုကြောင့် တံတားနှင့် မနီးမဝေးရှိ မျက်ရှင်တော်ပွင့်ဘုရားအား ထိမှန် ပျက်စီးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆင်ဖြူကျွန်းတိုက်ပွဲနှင့်ပတ်သက်၍ အမှတ်(၁)စစ်ဒေသ မကွေးခရိုင်ကွပ်ကဲရေးရုံးက “ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တာကိုပဲ ပြောတယ်။ ပြောတာကို လက်တွေ့အကောင်အထည်ပေါ်အောင် လုပ်တယ်။ စစ်အာဏာရှင် ပြုတ်ကျဖို့နဲ့ တော်လှန်ရေးအရွေ့ ရှေ့ရောက်ဖို့ ကျွန်တော်တို့ မိုးထဲရေထဲမှာ ပြောနေလုပ်နေကြပါပြီ။လျှို့ဝှက်သင့်တာ လျှို့ဝှက်၊ ကူညီနိုင်တာ ကူညီ၊ ပူးပေါင်းနိုင်တာ ပူးပေါင်းပြီး အင်အားဖြည့်ပေးဖို့ လိုပါတယ်။ အားလုံးရဲ့အင်အားနဲ့ ရှေ့ဆက်ကြပါမယ်။”ဟု အသိပေးထားသည်။

ပြီးခဲ့သည့် မေလ ၅ရက်ကလည်း တိုက်ပွဲဖြစ်ပွားရာ ဆင်ဖြူကျွန်းမြို့ရှိ နွယ်တမယ်တံတားပေါ်သို့ ကာကွယ်ရေးတပ်ဖွဲ့များရောက်လာပြီး သေနတ်ပစ်ဖောက်ကာ စစ်ကောင်စီတပ်အား ခြောက်လှန့်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း