Hi, what are you looking for?
စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။ စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ်...
ရုတ်တရက်တိုက်ပွဲတွေဖြစ်လာရင် – အနီးအနားမှာ မြေအောက်ခန်း၊ လုံခြုံတဲ့အခန်း၊ ဗုံးခိုကျင်းတွေရှိရင် ချက်ချင်းသွားပုန်းပါ။ မရှိပါက ခိုင်ခံတဲ့ ကွန်ကရစ်တိုက်ကဲ့သို့အဆောက်အအုံထဲကအတွင်းပိုင်းကျပြီး အလုံခြုံဆုံးနေရာမှာနေပါ။ အဲတာမျိုးလည်း မရှိရင်၊ ရှိတဲ့ အိမ်ရဲ့အနိမ့်ဆုံးနေရာကို ရှာနေပါ။ ခိုင်ခံတဲ့ စားပွဲတွေ၊ ကုတင်တွေ အောက်မှာ အကာအကွယ်ယူပုန်းနေပါ။ တက်နိုင်သမျှကြမ်းပြင်နဲ့တစ်ပြေးညီဖြစ်အောင် ဝပ်နေပါ။ ⦿...
အသုံးပြုလိုက်ပေမယ့် မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်ပစ်ဗုံးများ၊ မော်တာများ၊ ဒုံးကျည်များ၊ ကျည်ဆံများက တိုက်ပွဲဖြစ်နေတဲ့ ဒါမှမဟုတ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊ ဗုံးကျဲခံထားရတဲ့နေရာတွေမှာ ရှိနေနိုင်ပါတယ်။ အဲဒီလို ပစ်လိုက်၊ ခတ်လိုက်ပေမယ့် ပေါက်ကွဲမသွားဘဲ ကျန်နေတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေက အသာအယာထိမိတို့မိယုံနဲ့ ပေါက်ကွဲသွားနိုင်ပါတယ်။ အဲဒီလို စစ်ကျန်လက်နက်ပစ္စည်းတွေက မြေမြှုပ်မိုင်းတွေထက်တောင် အဖျက်စွမ်းအားပိုပြင်းထန်နိုင်ပါတယ်။...
(၁) သောက်ရေသန့်၊ သယ်ရလွယ်တဲ့ ရေစစ်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက် (၂) အရေးပေါ်ဆေးဝါးများ၊ မိသားစုထဲကျန်းမာရေးမကောင်းသူရှိပါက သောက်နေကြ ဆေးများ (ဆေးသောက်ရန် အညွှန်းစာရွက်)၊ လက်သန့်ဆေး၊ နှာခေါင်းစည်း (၃) နားတွင် ပိတ်ဆို့စရာ Earplug (တိုက်ပွဲအတွင်းရောက်ပါက နားစည်ကာကွယ်ပေးရန်)၊ ဂွမ်းစ (သို့မဟုတ်) ပတ်တီးလိပ်...
◉ တရားဝင်နည်းလမ်းဖြင့် သွားရောက်ရန်။ ◉ မဲဆောက်မြို့၌ နေထိုင်မည်ဆိုပါက အပြင်ထွက်ရာတွင် ဂရုစိုက်ရန်။ ◉ သက်ဆိုင်ရာနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်။ ◉ ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိအောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်။ ◉ ထိုင်းဘာသာစကားနှင့်...