Connect with us

Hi, what are you looking for?

Infographics

ပစ်ခတ်မှု​တွေဖြစ်လာရင် ​ဆောင်ရန်​/ရှောင်ရန်အချက်များ

⚠️ ရုတ်တရက်တိုက်ပွဲ​တွေဖြစ်လာရင် –

အနီးအနားမှာ ​မြေ​အောက်ခန်း၊ လုံခြုံတဲ့အခန်း၊ ဗုံးခိုကျင်း​တွေရှိရင် ချက်ချင်းသွားပုန်းပါ။ မရှိပါက ခိုင်ခံတဲ့ ကွန်ကရစ်တိုက်ကဲ့သို့အ​ဆောက်အအုံထဲကအတွင်းပိုင်းကျပြီး အလုံခြုံဆုံး​နေရာမှာ​နေပါ။ အဲတာမျိုးလည်း မရှိရင်၊ ရှိတဲ့ အိမ်ရဲ့အနိမ့်ဆုံး​နေရာကို ရှာ​နေပါ။ ခိုင်ခံတဲ့ စားပွဲ​တွေ၊ ကုတင်​တွေ ​အောက်မှာ အကာအကွယ်ယူပုန်းနေပါ။ တက်နိုင်သမျှကြမ်းပြင်နဲ့တစ်​ပြေးညီဖြစ်​အောင် ဝပ်​နေပါ။

⦿ မှန်ကာထားတဲ့အခန်း ၊ အပြင်နဲ့ ထိစပ်​နေတဲ့ အခန်းမျိုးမှာ​တော့မပုန်းပါနဲ့။

ဖြစ်နိုင်ရင် ဆန်အိတ်၊ သဲအိတ်၊ ဘိလပ်​မြေအိတ်တွေနဲ့ ပုန်း​အောင်ဖို့​နေရာကြိုတင်ဖန်တီးထားပါ။

Public Service Announcement

Public Service Announcement

⚠️ ပစ်ခတ်​နေပြီဆိုရင် -အကာအကွယ်မဲ့ အိမ်ပြင်ထွက်ကြည့်တာမျိုး​ ရှောင်ကျဥ်ပြီး ဘေးကင်း​အောင်ပုန်းဖို့ပဲလုပ်ပါ။

⚠️ လက်နက်ငယ်နဲ့ပစ်ခတ်​နေတာဆိုရင် ​​-မှောက်​နေပြီး​တော့​ ခေါင်းကိုလက်နှစ်ဖက်နဲ့ ကာပြီး ပစ်ခတ်သံမကြားရတဲ့အထိဝပ်​နေပါ။

⚠️ လက်နက်ကြီးနဲ့ပစ်​နေတာဆိုရင် -ဒူးနှစ်ဖက်ကို​ကွေးပြီးရင်ဘတ်​ဘက်ကပ်ထားပါ။ လက်နှစ်ဖက်ကနားကိုအုပ်ပြီး ​ခေါင်းကို​ကာထားပါ။ဒီလိုလုပ်ဖို့ခက်ရင် ​မြေပြင်မှာ​မှောက်ပြီး​ ခေါင်းကိုလက်နဲ့ကာထား​ပေးပါ။

⚠️ အ​ဆောက်အအုံထဲမှာဆိုရင် -ပြတင်း​ပေါက်နဲ့ ​ဝေး​ဝေး​နေပါ။ပစ်ခတ်သံ​တွေရပ်တန့်သွားတဲ့အထိ ငြိမ်ငြိမ်​လေးပုန်း​နေပါ။ခန္ဒာကိုယ်နဲ့ ​ခေါင်း​ပေါ်အရာဝတ္ထု​တွေပြုတ်မကျ​အောင်သတိထားပါ။မဖြစ်မ​နေ ​နေရာ​ရွှေ့ပြောင်းရမယ်ဆိုရင် တွားသွားပြီး​နေရာ​ရွှေ့ပါ။

⚠️ အ​ဆောက်အအုံအပြင်မှာဆိုရင် -တောင်ကုန်း၊ ​မြောင်း၊​ ရေနှုတ်​မြောင်း၊ ​တောင်ပို့ စတဲ့ ​မြေပြင်ထက်နိမ့်တဲ့​နေရာမှာ ခေါင်းကိုလက်နှစ်ဖက်နဲ့ကာပြီး ဝပ်​နေပါ။

⚠️ ပုန်း​အောင်​နေရာက​နေ ထွက်​ပြေး​တိမ်း​ရှောင်တော့မယ်ဆိုရင် -ကျည်ဆံလာရာဘက်ကိုထွက်မ​ပြေးပါနဲ့။ကျည်ဆံလာရာနဲ့ ဆန်ကျင်ဘက်ကို​ပြေးပါ။

ကိုးကား – ICRC ၊ NUG

ဆက်စပ်သတင်းများ

Facebook