Connect with us

Hi, what are you looking for?

LuduNwayOo

Infographics

မြို့​ပေါ်တိုက်ပွဲ​တွေဖြစ်လာရင် ​ အ​ရေး​ပေါ်အိတ်အတွက် ထည့်ထားသင့်တဲ့ ပစ္စည်း​တွေ

(၁) ​သောက်​ရေသန့်၊ သယ်ရလွယ်​တဲ့ ရေစစ်၊ မုန့်​ခြောက်၊​ ခေါက်ဆွဲ​ခြောက်

(၂) အ​ရေး​ပေါ်​ဆေးဝါးများ၊ မိသားစုထဲကျန်းမာ​ရေးမ​ကောင်းသူရှိပါက ​သောက်​နေကြ ​ဆေးများ (​ဆေး​သောက်ရန် အညွှန်းစာရွက်)၊ လက်သန့်​ဆေး၊ နှာ​ခေါင်းစည်း

(၃) နားတွင် ပိတ်ဆို့စရာ Earplug (တိုက်ပွဲအတွင်း​​​ရောက်ပါက နားစည်ကာကွယ်​ပေးရန်)၊ ဂွမ်းစ (သို့မဟုတ်) ပတ်တီးလိပ်

(၄) ဖုန်း၊ အားသွင်းကြိုး၊ Power Bank၊ ဖုန်း​ငွေဖြည့်ကတ်၊ မိသားစု၊ မိတ်​ဆွေရင်းများ ဆက်သွယ်ရန်လိုအပ်လာနိုင်​တဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများရဲ့ဖုန်းနံပါတ် (ဖုန်းနံပါတ် မှတ်ထား၍ အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအမည်​တွေ မမှတ်ထားပါနဲ့)

Public Service Announcement

Public Service Announcement

(၅) ခြင်နဲ့ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်တဲ့ လူး​ဆေး၊ ဖြန်း​ဆေး

(၆) ဓါတ်မီး၊ ထီး၊ မိုးကာ

(၇) အမျိုးသမီးဖြစ်ပါက လစဥ်သုံးပစ္စည်း

(၈) ရေပြတ်၊ မီးပြတ်ပါက အ​လေး၊ အ​ပေါ့စွန့်ပစ်နိုင်ရန် ပလက်စတစ်အိတ်အမဲ၊ တစ်သျူးအစို၊ အ​ခြောက်၊ ဆပ်ပြာရည်

(၉) အတွင်းခံအပါအဝင် ​ပေါ့ပါးလွတ်လပ်​တဲ့ အဝတ်အစား (ရာသီဥတုနဲ့ ​ဒေသအ​ပေါ်မူတည်ပြီး​တော့ အ​နွေထည်များ ယူသင့်)

(၁၀) မှတ်ပုံတင်၊ အိမ်​ထောင်စုစာရင်း၊ ယာဥ်​မောင်းလိုင်စင်၊ စာချုပ်နဲ့ အ​ရေးကြီးစာရွက်စာတမ်းများ (စာချုပ်စာတမ်းများကို ​ရေမစို​စေရန် စီမံထားရန်)

(၁၁) ငွေ​ကြေး၊ ဘဏ်စာချုပ်၊ သယ်ရလွယ်တဲ့ တန်ဖိုးကြီးပစ္စည်း​တွေ (​သေချာစွာထုတ်ပိုးရန်)

(၁၂) ရေဒီယို၊ ဝီစီ (မိသားစု၊ မိတ်​ဆွေနဲ့ အဆက်အသွယ်ပြတ်သွားရင် ဆက်သွယ်ရန်၊ အလွယ်တကူလူစုရန်)

(၁၃) ဓါး၊ ကတ်​ကြေး၊ မီးခြစ်၊ ဖ​ရောင်းတိုင်

(၁၄) ကိုယ်​နေထိုင်ရာနဲ့ အ​ရေး​ပေါ်သွားရမယ့်​နေရာ​တွေကို နယ်​မြေကျွမ်းအောင်​လေ့လာထားပြီး လိုအပ်ရင် ​မြေပုံဆွဲထားရန်၊ ​မြေပုံ​ဆောင်ထားရန်

(၁၅) မိသားစုကွဲသွားရင် ပြန်ဆုံရန်​နေရာများ၊ ရှာရန်​နေရာ​တွေ သတ်မှတ်ထားရန်

(မှတ်ချက် – အ​ပေါ်စာရင်းမှာမပါ​​ပေမယ့် တစ်ဦးချင်း၊ တစ်မိသားစုချင်း လိုအပ်ချက်အရ အ​ရေး​ကြီးတာ၊ သယ်ရလွယ်တာ​တွေ အိတ်ထဲထည့်ထားသင့်ပါတယ်)

ကိုးကား – ICRC ၊ QUORA ၊ NUG

ဆက်စပ်သတင်းများ