သတင်း
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယမန်နေ့(အောက်တိုဘာလ ၁၀ရက်)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေတိုးလာပြီး ယနေ့ နံနက်ပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ ၈ ဦးရှိလာပြီး ၁၃ဦးသည် ဆေးကုသမှုခံယူနေရကြောင်းဒေသခံများကပြောသည်။