Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ချွတ်ယွင်းမှု တစ်ခုကြောင့် စက်ရုပ်က ဝန်ထမ်းတွေကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဗီဒီယို ထွက်ပေါ်လာ

တရုတ်မှာ လူတူ စက်ရုပ်တစ်ခုက ချွတ်ယွင်းမှု ပြဿနာ တစ်ခုခု ကြုံရာက စက်ရုံ ဝန်ထမ်းတွေကို ရန်ပြု တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာတွေမှာ အတော်လေး လူပြောများနေခဲ့ပါတယ်။

တရုတ်မှာ လူတူ စက်ရုပ်တစ်ခုက ချွတ်ယွင်းမှု ပြဿနာ တစ်ခုခု ကြုံရာက စက်ရုံ ဝန်ထမ်းတွေကို ရန်ပြု တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာတွေမှာ အတော်လေး လူပြောများနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်လာတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုမှာတော့ တရုတ်က စက်ရုံ တစ်ခုထဲမှာ ကရိန်းငယ် တစ်ခုပေါ် ချိတ်ဆွဲထားတဲ့ အနက်ရောင် လူတူ စက်ရုပ်က စနစ်အမှားအယွင်း တစ်ခုခုကြောင့် ရုတ်တရက် အသက်ဝင်လာပြီး အနီးမှာ ရှိသမျှကို လက်တွေနဲ့ ဝရုန်းသုန်းကား ရိုက်ပုတ်နေခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် စက်ရုပ်ဟာ ချိတ်ဆွဲထားရာ ကရိန်းကနေ ရုန်းထွက်ဖို့ပါ ကြိုးစားခဲ့တာကိုလည်း ဗီဒီယိုထဲမှာ မြင်ရပါတယ်။ စက်ရုပ်ရဲ့ သောင်းကျန်းမှုကြောင့် ကွန်ပျူတာနဲ့ တခြားပစ္စည်းတွေ ပြုတ်ကျကုန်ပြီး အနီးမှာ ရှိနေတဲ့ စက်ရုံ ဝန်ထမ်းနှစ်ယောက်လည်း ရှောင်တိမ်းခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ တစ်ယောက်က စက်ရုပ်ရဲ့ ကရိန်း အနောက်ဖက်ကို ပတ်သွားပြီး နေရာရွှေ့ရင်း ပျက်စီးမှုတွေ ထပ်မဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ တချို့ လူမှုကွန်ရက် စာမျက်နှာတွေကတော့ အဲဒီလူ နှစ်ယောက်ဟာ စက်ရုပ်ကို ကြီးကြပ်ကိုင်တွယ်သူတွေလို့ ဖော်ပြထားခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ရေးသားထားမှုအရ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ စက်ရုံတစ်ခုထဲမှာ ကြုံခဲ့တာလို့ ပါရှိပေမယ့် ဘယ်နေရာမှာ ဘယ်အချိန်က ဖြစ်ပွားခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။ စက်ရုပ်ဟာ စနစ် အမှားအယွင်း တစ်ခုခုကြောင့် အလိုလို အသက်ဝင်လာပြီး မူမမှန်တဲ့ အကြမ်းပတမ်း လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

TikTokနဲ့ Xတို့လို လူမှုကွန်ရက်တွေပေါ် ဒီအကြောင်းကို နောက်ပြောင်တဲ့ မှတ်ချက်တွေ အမျိုးမျိုး ရေးခဲ့ပြီး လူသားတွေနဲ့ စက်ရုပ်တွေကြားက စစ်ပွဲကို မြင်ရဖို့ မစောင့်နိုင်တော့ဘူးလို့ တစ်ယောက်က အရွှန်းဖောက်ထားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ စက်ရုပ်တွေကြောင့် ကြုံလာမယ့် ကမ္ဘာပျက်ကိန်းကို ကရိန်းအသေးလေး တစ်ခုက တားလိုက်နိုင်လို့ တော်သေးတယ်လို့ ရေးသားထားခဲ့ပါတယ်။

တရုတ်ဟာ လူတူစက်ရုပ်တွေ ထုတ်လုပ်မှု နည်းပညာပိုင်းကို အင်တိုက်အားတိုက် ကြိုးစား မြှင့်တင်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါမယ်။ ဧပြီ ၁၉ ရက်နေ့က ဘေဂျင်း တာဝက် မာရသွန်မှာ လူသား အပြေးသမား ၁၂၀၀၀ နဲ့အတူ စက်ရုပ် ၂၁ ရုပ်က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သမိုင်းမှာ လူသားတွေနဲ့ စက်ရုပ်တွေရဲ့ ပထမဆုံး အပြေးပြိုင်ပွဲလို့ စီစဉ်သူတွေက ကြွေးကြော်ခဲ့ပါတယ်။

ကိုးကား: The U.S. Sun

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။