Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စကခ(၂၁)ဌာနချုပ်၊ ခလရ(၄၇)၊ဆေး၊ထောက်ပို့နှင့် အင်ဂျင်နီယာတပ်များကို KIA အပြင်းအထန်တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်တပတ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း မီးလောင်နေသော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️ဖားကန့်လမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီပူးပေါင်းတပ် အထိနာ

▪️စစ်ကောင်စီ၊ မင်းဇေသန့်ပြည်သူ့စစ်၊ ဒူးလေးပြည်သူ့စစ်နှင့် SNAတို့က ပြည်သူ့နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

မေ ၅၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်တပတ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIOထိန်းချုပ်နယ်မြေ၌ တပတ်အတွင်း စစ်ရေး အခြေအနေများကို မေလ ၄ရက်ညပိုင်းက စုစည်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

KIAပူးပေါင်းတပ်သည် ဧပြီ ၂၅ရက်တွင် ဗန်းမော်မြို့၌ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၄ရက်အထိ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်းအထန် ခုခံနေသည်ဟု ဆိုသည်။

အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ်(၄၇)ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နှင့် အင်ဂျင်နီယာတပ်ရင်းများ၌ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေသည်ဟု KIAက အသိပေးသည်။

ထို့ပြင် ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ (၉) တပ်ရင်း(၂၆)၊ တပ်ရင်း(၄၄) နယ်မြေများ၌ ဧပြီ ၂၂ရက်ကစ၍ စစ်ကောင်စီနှင့် SNA ပြည်သူ့စစ်အဖွဲ့က မြေပြင်ထိုးစစ်သာမက လေကြောင်းဖြင့်ပါ ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ဟု ဖော်ပြသည်။

မေလ ၁ရက်တွင် နန့်ယားချောင်းရွာအနီးတိုက်ပွဲပြင်းထန်ခဲ့ရာ ကားမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးဖြင့်ပစ်ကူခဲ့ကြောင်း ၊ နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်က အသက်ဆုံးရှုံးမှုများပြားနေကြောင်း အသိပေးသည်။

မေလ ၁ရက် ညနေကလည်း ဖားကန့်မြို့နယ် လဝါးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၂ရက်တွင် လဝါးရွာအနီး ဆုတောင်းတောင်၌ရှိနေသည့် မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်နေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်၊ လီဆူးဒူးလေးပြည်သူ့စစ်၊ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က လဝါး ၊ခွန်ဆိုင် ယန်ရွာရှိ နေအိမ်များ မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော်ရှိနေပြီဟု ဒေသခံများ၏ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ကားမိုင်းမြို့ရှိ စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်ဖြင့် မေလ ၁ရက်နံနက်တွင် ထိုးစစ်ဆင်လာ၍ KIAက ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကားမိုင်းနှင့် ဖားကန့် ကားလမ်းကို နှစ်ဖက်က ပိတ်ထားကြောင်း အသိပေးသည်။

အင်းတော်ကြီးဒေသ၊ ဆွမ်ပရာဘွမ်လမ်းပိုင်း မြစ်ဆုံဒေသတို့တွင်လည်း တိုက်ပွဲများရှိနေကြောင်း KIAက သတင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီ၏ တပ်မသားစုဝင်များ ပါဝင်သော သုံ့ပန်း ၁၆၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားရာ မြို့တွင်းမှ မြို့ပြင်နေရာသို့ ခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် KIA သတင်းရင်းမြစ်အချို့က ပြောသည်။

Facebook