Hi, what are you looking for?
ဒေါက်တာဇော်မြင့်မောင် နှင့် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားရဲဘော်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက သွားရောက်တွေ့ဆုံကာ ဝမ်းနည်းကြေကွဲကြောင်း အသိပေးပြီး လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးရန်အတွက် နှစ်သိမ့်ကြေးထောက်ပံ့ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။