Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက် EPS လုပ်သားတွေကို ၂၅ရာခိုင်နှုန်းငွေမလွှဲရင် အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့တာ မလုပ်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

(ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရောက်လာတဲ့ EPSလုပ်သားတွေ။ဓာတ်ပုံ-စစ်ကောင်စီ)

နို၀င်ဘာ-၆၊၂၀၂၆။မီးအိမ်/People’s Spring

တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့တာ မလုပ်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

စစ်တပ်လက်အောက်ခံအလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြည်ပရောက်နိုင်ငံအသီးသီးကအလုပ်သမားတွေကိုလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့နဲ့ ဝင်ငွေခွန်၂ရာခိုင်နှုန်းပေးသွင်းဖို့ ဖိအားပေးတာတွေ ပိုလုပ်လာ​နေတာဖြစ်ပါတယ်။ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံရောက် EPS လုပ်သားတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

“ကိုရီးယားက သူတို့နိုင်ငံရောက် စစ်အုပ်စုအန္တရာယ်ကျနိုင်တဲ့မြန်မာတွေကိုအကာအကွယ်ပေးထားတော့ အပျော့နည်းနဲ့မပြောပဲ ပြင်းပြင်းထန်ထန်အာဏာရှင် အမိန့်သုံးပြီး ခြိမ်းခြောက်ပြတာလို့မြင်တယ် “လို့ ဘူဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်မဟုတ်တဲ့ ဟွန်ဒီကနေငွေလွှဲရင် ထောင်ဒဏ် ၃နှစ်အထိချနိုင်ပြီး လွှဲပို့ငွေပမာဏအပေါ်မူတည်ကာ ဝမ်သန်း ၃၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ပြည်နှင်ဒဏ်ပါ ပေးခံရနိူင်တယ်လို့ စစ်အုပ်စုက ခြိမ်း​ခြောက်ပါတယ်။

ဒါပေမယ့် ကိုရီးယားရောက်လုပ်သားအများစုက စစ်အုပ်စုရဲ့အမိန့်ကို မလိုက်နာပဲဆန့်ကျင်ကြတယ်လို့မြန်မာလုပ်သားတွေက ​ပြောပါတယ်။

“သူတို့ရွေးကောက်ပွဲမှာ မဲပေးတဲ့သူအခြေအနေပြန်ကြည့်လေ။သိပ်ကြာသေးတာမဟုတ်ဘူး။ ဒါကသူတို့ပြောတာကိုနားထောင်မယ်ထင်လို့လား မပြောတတ်ဘူး “လို့ နွေဦးတော်လှန်ရေးထောက်ပို့လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဆိုးလ်မြို့က စစ်တပ်သံရုံးမှာ အာဏာသိမ်းကာလအတွင်း ကိုရီးယားကနေ နွေဦးတော်လှန်ရေးလုပ်နေသူတွေကို စောင့်ကြည့်မှတ်သားကာအမည်ပျက်စာရင်းသွင်းတာ၊ စာရင်းထဲပါသူတွေပြည်တွင်းပြန်ဝင်ရင် လေဆိပ်မှာ စောင့်ဖမ်းနိုင်အောင်စာရင်းပို့ထားတာမျိုးတွေရှိခဲ့တယ်လို့ အဝေးရောက်တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

စစ်အုပ်စုက တခြားပြည်ပရောက်မြန်မာလုပ်သားတွေကိုလည်း သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရင် အနီးစပ်ဆုံး ၃လစာ အခွန်ဆောင်ဖို့ဖိအား​ပေးထားသလို ပြည်တွင်းခွင့်နဲ့ပြန်ဝင်လာပြီးလို့ ပြန်ထွက်မယ့်သူတွေကိုလည်း လွှဲပို့ငွေနဲ့ အခွန်ဆောင်ထားတဲ့အထောက်အထားပြနိုင်သူကိုသာ ပြန်ထွက်ခွင့်ပေးမယ်လို့ ဖိအား​ပေးအကြပ်ကိုင်တာ​တွေကိုလည်း လုပ်ထားပါတယ်။

ဆက်စပ်သတင်းများ