Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လေပြင်းကြောင့် အပျော်စီးလှေ ၄ စီးတိမ်းမှောက်၊ လူ ၁၀ ဦးသေ

တရုတ်နိုင်ငံမှာ အပျော်ခရီးသွား သင်္ဘောတစ်စီး တိမ်းမှောက်ရာက လူ ၉ ဦးထက်မနည်း သေဆုံးပြီး ၇၀ ကျော် ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။

Xinhua

တရုတ်နိုင်ငံမှာ အပျော်စီးလှေ ၄ စီး တိမ်းမှောက်ရာက လူ ၁၀ ဦး သေဆုံးပြီး ၇၀ လောက် ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက မြစ်တစ်ခုထဲမှာ ရုတ်တရက် လေပြင်းတွေ တိုက်ခတ်ရာက မြစ်ကြောင်းသွား အပျော်စီး လှေတွေ ရုတ်တရက် တိမ်းမှောက်ကုန်တာ ဖြစ်တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကွေ့ကျိုးဒေသထဲက မြစ်တစ်စင်းထဲမှာ အလုပ်သမားနေ့ အားလပ်ရက် သတ္တပတ်ကာလ လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေ များပြားနေချိန် မေလ ၄ ရက်နေ့က လေပြင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ လူ ၈၄ ဦးလောက် မြစ်ထဲ ပြုတ်ကျခဲ့ပြီး မူလက အသေအပျောက် ၉ ဦး ရှိခဲ့ကြောင်း ကြေညာထားခဲ့ပါတယ်။ ပျောက်ဆုံးနေသူ တစ်ဒါဇင်ထဲမှာ ၁၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မေလ ၅ ရက် မနက်ပိုင်းမှာတော့ နောက်ဆုံး ကျန်နေသူရဲ့ အလောင်းကို ရှာတွေ့ခဲ့ပြီး အသေအပျောက် ၁၀ ဦးထိ မြင့်တက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

စုစုပေါင်း ကယ်ဆယ်ရရှိခဲ့သူ ၇၄ ယောက်ထဲမှာ ၇၀ လောက်ကို ဆေးရုံ တင်ပို့ထားပေမယ့် အသက်အန္တရာယ် စိုးရိမ်ရသူတော့ မရှိဘူးလို့ ဆိုပါတယ်။ လှေတွေ တိမ်းမှောက်တဲ့ သတင်းကို လက်ခံရရှိခဲ့တဲ့နောက် ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက အင်အား ၅၀၀ နီးပါးလောက်ကို စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

အစောပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေသူတွေကို အစွမ်းကုန် ရှာဖွေဖို့နဲ့ အလားတူ အခြေအနေတွေ ထပ်မကြုံအောင် လုံခြုံရေး စံနှုန်းတွေ ပိုမို တင်းကျပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အထူးသဖြင့် လူအများ စည်ကားတဲ့ နေရာတွေ၊ ကမ္ဘာလှည့် ခရီးသွား ဧရိယာတွေမှာ မတော်တဆမှုတွေ ပိုများလာတာကို အလေးထား ကိုင်တွယ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ရှီက အမိန့်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်တုန်းကလည်း တရုတ်နိုင်ငံ၊ ဟူနန်ဒေသမှာ ခရီးသည်တင် လှေတစ်စီးဟာ စက်မှုလုပ်ငန်းသုံး ရေယာဉ်တစ်စီးကို ဝင်တိုက်မိရာက လူ ၁၁ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook