Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကြည်းတပ် ဂုဏ်ပြု ချီတက်ပွဲ ကျင်းပဖို့ စီစဉ်ထား၊ ထရမ့်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေ

အမေရိကန် ကြည်းတပ်ကို ဂုဏ်ပြုမယ့် စစ်ရေးပြ ချီတက်ပွဲ တစ်ခုကို ဒေါ်နယ်လ်ထရမ့်ရဲ့ မွေးနေ့မှာ ကျင်းပသွားမယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

The Washington Post

အမေရိကန် ကြည်းတပ်ကို ဂုဏ်ပြုမယ့် စစ်ရေးပြ ချီတက်ပွဲ တစ်ခုကို ဒေါ်နယ်လ်ထရမ့်ရဲ့ မွေးနေ့မှာ ကျင်းပသွားမယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

အမေရိကန် ကြည်းတပ် ထူထောင်မှု နှစ်ပေါင်း ၂၅၀ ပြည့် ဂုဏ်ပြုမှု ချီတက်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ကျရင် ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အဲဒီနေ့ဟာ သမ္မတ ထရမ့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အဲဒီနေ့မှာ ဝါရှင်တန်ဒီစီရဲ့ အမျိုးသား ခန်းဆောင်မှာ တစ်နေကုန် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမှာ ဖြစ်တယ်လို့လည်း ကြည်းတပ် ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ ချီတက်ပွဲမှာ စစ်သည် ၆၆၀၀၊ ယာဉ်အမျိုးမျိုး ၁၅၀ နဲ့ လေယာဉ် အစီး ၅၀ လောက် ပါဝင်ကြမယ်လို့လည်း သိရပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းကတည်းက အမေရိကန်မှာ စစ်ရေးပြ ချီတက်ပွဲတစ်ခု နှစ်စဉ် ကျင်းပဖို့ဆိုတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် တစ်ကြိမ်ကို ဒေါ်လာ သန်း ၉၀ လောက် ကုန်ကျနိုင်တယ် ဆိုတာကို သိသွားချိန်မှာ လက်လျှော့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်နေ့မှာတော့ ထရမ့်က နှစ်စဉ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ စစ်မှုထမ်းဟောင်းများနေ့ကိုလည်း ပထမ ကမ္ဘာစစ် အောင်ပွဲနေ့အဖြစ် နာမည်ပြောင်းလဲဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။ ကမ္ဘာစစ်ကြီး ၂ ခုမှာ အောင်ပွဲခံနိုင်အောင် ကြိုးစားခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကို ပထမ ကမ္ဘာစစ် အောင်ပွဲနေ့၊ မေလ ၈ ရက်နေ့ကို ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့လို့ ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ်စေဖို့ ရည်ရွယ်ထားကြောင်း ထရမ့်က ပြောပါတယ်။

ထရမ့်ဟာ ၂၀၁၇ တုန်းက ပါရီမှာ ပြင်သစ်ရဲ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့တဲ့နောက် ထရမ့်ဟာ အမေရိကန်မှာလည်း အလားတူ ချီတက်ပွဲမျိုး ရှိသင့်ကြောင့် ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ရည်ရွယ်ချက်က ၂၀၁၈ ခုနှစ် စစ်မှုထမ်းဟောင်းများနေ့မှာ စစ်ရေးပြ ချီတက်ပွဲ ကျင်းပစေဖို့ ဖြစ်ခဲ့ပေမယ့် ကုန်ကျစရိတ်ကြောင့် လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

Facebook