Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် နောက်ဆုံးအသုတ် ကျန်းမာရေး ပညာရှင်အဖွဲ့ ထိုင်းစေလွှတ်

ငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ အကူအညီတွေပေးဖို့ ကျန်းမာရေး ပညာရှင်တွေ ပါဝင်တဲ့ နောက်ဆုံးအသုတ် အဖွဲ့တစ်ခုကို ထိုင်းအစိုးရက စေလွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ အကူအညီတွေပေးဖို့ ကျန်းမာရေး ပညာရှင်တွေ ပါဝင်တဲ့ နောက်ဆုံးအသုတ် အဖွဲ့တစ်ခုကို ထိုင်းအစိုးရက စေလွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

မေလ ၂ ရက်နေ့မှာ ငလျင်နောက်ပိုင်း စတုတ္ထမြောက်နဲ့ နောက်ဆုံးအသုတ် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တစ်ခုကို မြန်မာနိုင်ငံဆီ စေလွှတ်ပေးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီ အဖွဲ့ရဲ့ အဓိက မစ်ရှင် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးသင့် ဧရိယာတွေမှာ ငလျင်နောက်ဆက်တွဲ ဆိုးရွားတဲ့ ကူးစက်ရောဂါတွေ ခေါင်းထောင်မလာအောင် ထိန်းချုပ်ဖို့၊ နာတာရှည် လူနာတွေကို ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းရဲ့ ရောဂါထိန်းချုပ်ရေးဌာနက ထိပ်တန်း ဆေးဝါးကျွမ်းကျင် အရာရှိ တစ်ဦးဖြစ်သူ ဒေါက်တာ ဆူမတ် အွန်ဝမ်ဒီ ဦးဆောင်တဲ့ အဖွဲ့ဟာ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်ကနေ တော်ဝင်ထိုင်း လေကြောင်းပိုင် လေယာဉ်တစ်စီးနဲ့အတူ မေလ ၂ ရက်နေ့က မြန်မာနိုင်ငံဆီ ဦးတည် ထွက်ခွာခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

ဆူမတ်က ဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ဆေးပညာရှင်တွေ ပါတဲ့ အဖွဲ့ ၄ ခုကို အလှည့်ကျ စေလွှတ်ပေးခဲ့ပြီး ဒီအဖွဲ့က နောက်ဆုံးအသုတ် ဖြစ်တယ်လို့ ပြောပါတယ်။ အဖွဲ့ထဲမှာ ကွဲပြားတဲ့ ကျန်းမာရေး အေဂျင်စီတွေ၊ ရောဂါထိန်းချုပ်ရေး ပညာရှင်တွေနဲ့ အရပ်ဖက် ဖောင်ဒေးရှင်းတွေဆီက ကျန်းမာရေး ပညာရှင် ၃၇ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ဟာ ငလျင်ဒဏ် အဆိုးဆုံး ခံရတဲ့ ဇုန်တစ်ခုဖြစ်တဲ့ မန္တလေးမြို့ဆီ စတင်ရောက်ရှိတဲ့ မေလ ၂ ရက်နေ့မှာ လုပ်ငန်းစပြီး မေလ ၈ ရက်နေ့ထိ မစ်ရှင်ကာလ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ဟာ နာတာရှည် ရောဂါသည်တွေကို ကုသပေးတာ၊ ငလျင်ဘေးသင့် လူ့အဖွဲ့အစည်းတွေအတွက် သန့်ရှင်းတဲ့ သောက်ရေ ထောက်ပံ့ပေးတာ၊ ရေဝပ်ပြီး ခြင်ပေါက်ပွားရာ နေရာတွေကို ရှင်းလင်းတာ၊ ကူးစက်ရောဂါ တားဆီးရေး အစီအမံတွေ အကောင်အထည် ဖော်တာတွေကို ဆက်တိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ထိုင်းရဲ့ စတုတ္ထအသုတ် ကျန်းမာရေး ပညာရှင် အဖွဲ့ဟာ တတိယအသုတ် အဖွဲ့ဝင်တွေနဲ့ တာဝန် အလဲအလှယ် လုပ်ခဲ့ပြီးနောက် တတိယအသုတ် အဖွဲ့ဟာ မေလ ၂ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။