သတင်း မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေနေအိမ် ခိုးယူနေ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှုတိုးနေပေမယ့် စစ်တပ်သတင်းထိန်းချန်ထား ရန်ကုန်မြို့မှာ ဝမ်းရောဂါနဲ့သေဆုံးသူဆက်တိုးနေပေမယ့် စစ်တပ်က သတင်းတွေကိုထိမ်ချန်ထုတ်ပြန်နေပါတယ် ။ ludunwayooဩဂုတ် 28, 2026
သတင်း မြန်မာလိဂ် ဘောလုံးသမား ၁ဦး မြောက်ဒဂုံအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးနေ၊ ပေါ်တာဆွဲခံရဟု မြို့ခံတွေ သုံးသပ် မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်နေ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း စစ်သင်္ဘောတွေ ရွှေကူမြို့ဘက် ထွက်ခွာ ကချင်ပြည်နယ် ဦးတည်လာတဲ့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာလာတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ပြင်သစ်မှာ လူအုပ်ကို ကားနဲ့ဝင်တိုက်လို့ ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ရန်ကုန်မှာ အိမ်စီးကားနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေ ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ ထရမ့်ပြော သူ့ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေကို လက်တုံ့ပြန်လာတဲ့ ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ludunwayooဩဂုတ် 28, 2026