Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှုတိုး​နေ​ပေမယ့် စစ်တပ်သတင်းထိန်းချန်ထား

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

(ရန်ကုန်အ​ထွေ​ထွေ​ဆေးရုံကြီးရဲ့ အ​ရေး​ပေါ်ကုဌာန​ရှေ့မှာ လူနာတင်ယာဥ်တင်ယာဥ်ကိုသြဂုတ်လ​​​နောက်ဆုံးပါတ်မှာ​တွေ့ရစဥ်။ဓါတ်ပုံ-​နေ့သစ်)

သြဂုတ်-၂၇၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှော​ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါ​ကြောင့်​သေဆုံးသူ မရှိပဲ ရခိုင်ပြည်နယ်စစ်​တွေမြို့မှာပဲ ဝမ်း​ရောဂါ​ကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်က​နေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်း​ရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် စစ်တပ်လက်​အောက်ခံ၊ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိ​နေပြီလို့လို့ ​ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်း​တွေဖြစ်တယ်လို့လည်းသူကဆက်​ပြောပါတယ်။

“အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သတင်းမထုတ်ပြန်တာပဲရှိတယ်” လို့ အထက်ပါNon-CDM ဆရာဝန်ကရှင်းပြပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်မှာသတင်းထပ်မံရရှိပါတယ်။

ဒါ့အပြင် ​သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္ကသိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ​ပြည်သူအချို့က​ပြောပါတယ်။

ဒါ​ကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာ​ရေးဝန်ထမ်းနဲ့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်​​တော်မှာ ဝမ်း​ရောဂါဖြစ်ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါ​ကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်​ဌေး သြဂုတ် ၁၇ ​ပြောခဲ့တဲ့စာရင်းနဲ့​တောင် အ​တော်ကွာဟနေတာကိုတွေ့ရပါတယ် ။

လက်​တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေဆုံးတာ​ကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ ​သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People’s Spring ကို​ပြောပါတယ် ။

“ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်” လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်း​ရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထု​​နွေဦးကိုပြောပါတယ်။သေဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ် ။

ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်ခွင့်မပေးပဲတားမြစ်ထားပါတယ်။

စစ်​ကောင်စီဟာဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သေးတာကြောင့်လမ်းဘေးစျေးသည်တွေကိုလည်း သြဂုတ်လ​နောက်ဆုံးပါတ်အခထိပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။

“ဆိုင်ကခုချိန်ထိမဖွင့်ရသေးဘူး။ ဘယ်လောက်ကြာမလဲမသိသေးဘူး။ သူတို့ပြောတုန်းကတစ်ပါတ်တဲ့။ ခုကျတော့ ရက်အကန့်အသတ်မရှိတယ့်။ စားဝတ်နေရေးထိခိုက်တာပေါ့” လို့စျေးသည်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

သတင်း

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ Milk Tea Yangon က ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကို ကျပ် ၁ ထောင်တန် ၊ ၅ ထောင်တန်တွေနဲ့အတူ စာအိတ်ငယ်တွေနဲ့ ထည့်ကာ "မမေ့နဲ့ရန်ကုန်" ကမ်ပိန်း အဖြစ် လူထုကို တော်လှန်သတင်း စကားပါးတဲ့လှုပ်ရှားမှုကို ဒီကနေ့...