ဩဂုတ်−၂၇၊၂၀၂၆။ နှင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာတွေ အတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။
လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ယူစရာကလည်း ဒါတွေပဲကျန်တာလေ။အရင်ထဲက အိမ်တွင်းပစ္စည်း တွေကို ကား တွေနဲ့ သယ်ထုတ် နေ တော့ ဘာမှမကျန်တော့ဘူး။အခုတံခါး တွေဖြုတ်ခိုးတယ်။သွပ်တွေ ခွာယူပြီး မြို့ထဲ သယ်နေကြတာ”လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်ဟာ မြင်းခြံမြို့နယ်ကို အင်အားထောင်ချီသုံးပြီး နယ်မြေထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး စစ်ကြောင်းတွေနောက်က ပျူစောထီးတွေဟာ ကားတွေနဲ့ရွာတွေက ပစ္စည်းတွေကိုသယ်ယူခဲ့တာလို့ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ကျေးရွာပေါင်း၁၅ရွာလောက်ဟာ ၁နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


















































