သြဂုတ် ၂၇၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ မှန်လုံကား(၅)စီး၊ အိမ်စီးကား(၅)စီး၊ တွဲကား(၁၃)စီး၊ သံပြားကာ(၃)စီး စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)ဘက် ဦးတည်ထွက်ခွာလာကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဝမ်ပေါင်က ကြေးနီတွေသယ်လာတာကြားတယ်။ လမ်းကတော့ပိတ်နေတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီယာဥ်တွေ ဖြတ်သန်းလာတာကြောင့် စစ်တပ်က မုံရွာ-မန္တလေးလမ်းတလျှောက် လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို လမ်းပိုင်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။


















































