Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ရှမ်းတောင်နဲ့ ကရင်နီတပ်ပေါင်းစု ရဲဘော်တွေရဲ့စုပေါင်းစစ်ဆင်ရေးတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ − ရှမ်းတောင်စစ်ဒေသ ဗျူဟာ−၁၄)

ဩဂုတ် −၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့‌တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။

“အလုံးရင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်ပါတယ်”လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

ဒါကြောင့်လည်း မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံဘက်ကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်အတွင်းတိုက်ပွဲတွေမှာ သေဆုံးထိခိုက်သူများလို့ ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော် လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်မင်းလက်ပံနဲ့ ဖလူးရွာတွေဘက်မှာ ဒီရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲချမှုကြောင့် ဖလူးကျေးရွာမှာစစ်ရှောင်ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။