သတင်း သာယာဝတီထောင်မှာ ငွေမပေးတဲ့ နိုင်ကျဥ်းတွေကို မိလ္လာရေ သယ်ခိုင်းနေ သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
Photo Essay အိမ်ပြန်မရောက်တော့တဲ့ နယ်လှည့်ဈေးသည်နှစ်ဦး ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေးနေတဲ့ဓါတ်ပုံဖြစ်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း SCEF အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ တို့သဘောတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက် YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း နဂါးတပ်မှတပ်ရင်းမှူးနှစ်ဦး ထွက်ပြေးပြီးနောက် ဆေးကုပေးတဲ့ပင်လည်ဘူးဆေးရုံကို စစ်တပ်ဗုံးကြဲ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသနေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဒီနေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း စဉ့်ကူးနယ်က ရွှေဘယက်ရွာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသား ၁ဦး ထပ်မံသေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း မူဆယ်မှာ တရုတ်ရဲနဲ့ စစ်တပ်က ကျားဖြန့်သက်သေခံပစ္စည်းတွေကို ပြည်သူတွေ အလကားပေးပြီး အစဖျောက် မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ၊ သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကတေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ဆောဒေသမှာစစ်တပ်ရဲ့ဒရုန်းကြောင့်အရပ်သားသုံးဦးသေဆုံး မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ပြည်သူကို သစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ KNPP ထုတ်ပြန် ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026