Connect with us

Hi, what are you looking for?

သတင်း

SCEF အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ တို့သဘောတူ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

(SCEF အဖွဲ့ဝင်​တော်လှန်​​ရေးတပ်ဖွဲ့​တွေရဲ့ တပ်ဖွဲ့ဝင်​တွေ )

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

SCEFအနေနဲ့စစ်ကိုင်းဖက်ဒရယ်ယူနစ်၊မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိရာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

၂၀၂၆ မတ်လ ၃၀ရက်မှာKNU၊ KIO၊ NUG၊ CRPH၊ KNPP၊ CNF စတဲ့တော်လှန်ရေးအဖွဲ့ ​တွေနဲ့SCEFကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးနောက် SCEFမှာပါဝင်မယ့်ပထမဆုံး​တော်လှန်​ရေးအင်အားစု​တွေအဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က ပူး​ပေါင်း ပါဝင်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

SCEF အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၃ရက်မှာ တွေ့ဆုံခဲ့ပြီး ဩဂုတ် ၁၄ရက်မှာ မန္တလေးဒေသ အုပ်ချုပ်ရေးကောင်စီ ၊ မန္တလေးဒေသလွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုတွေမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့တာဖြစ်ပြီး SCEF ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ၊ လုပ်ငန်းလမ်းညွှန် မူဘောင် (Operational Framework) နဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့တယ်လို့ SCEFက ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးမှုတွေအပြီးမှာ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့သဘောတူညီချက်များရယူအတည်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတဲ့ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

“ကျနော်တို့ SCEF ဆိုတာ တော်လှန်ရေး ၅နှစ်တာကာလ အတွေ့အကြုံကို ကျနော်တို့ အားနည်းချက်တွေ အားသာချက်တွေ ပြန်လည်ဖော်ထုတ်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်မယ့် အပြောင်းအလဲ ဖြစ်နိုင်မယ့် အစုအရပ်ကြီးတခု SCEFကို ဖွဲ့စည်းတာဖြစ်ပါတယ်။ကျနော်တို့နဲ့ ရည်မှန်းချက်တူ ဦးတည်ချက်တူတယ်ဆိုရင်တော့ အင်အားကောင်းတဲ့ One Command, One Strategy(တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုနှင့် တစ်ခုတည်းသော စစ်ဗျူဟာ) အောက်မှာရှိတဲ့တပြည်လုံးအတိုင်းအတာအပြောင်းအလဲအတွက်အခုက အတက်နိုင်ဆုံးလုပ်နေတာဖြစ်ပါတယ်” လို့ SCEF အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပါတယ်။

SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆလိုင်းထက်နီက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ၂ဦး ၊အတွင်းရေးမှူး ၁ဦးနဲ့တွဲဖက်အတွင်းရေးမှူး(၂)ဦးတို့ကို​ရွေးချယ်တာဝန်​ပေးအပ်ပြီးရှေ့လုပ်ငန်းစဥ်​တွေသ​ဘောတူ