သတင်း
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်တွေမှာအထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄၀ ခန့်သေဆုံးခဲ့တယ်လို့ PDF၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။



















































