Connect with us

Hi, what are you looking for?

သတင်း

က​​​လေးဝသို့ ကုန်းလမ်းနဲ့​ရေလမ်းမှလာတဲ့စစ်​တပ်ကို​တော်လှန်​ရေးအဖွဲ့​တွေတိုက်ခိုက်

အရာရှိအပါအဝင် စစ်တပ်မှ ၂၀ခန့်​သေ

(စစ်တပ်​ရေယာဥ်​တွေကို ဒရုန်းနဲ့တိုက်ခိုက်စဥ် နဲ့ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-မင်းကင်းပကဖ )

ဇူလိုင်-၁၃၊၂၀၂၆။စိုင်းနောင်/People’s Spring

ချင်းတွင်း မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘောအုပ်စုနဲ့ ယာကြီး-မင်းကင်း-ကလေးဝ လမ်းအတိုင်း တပြိုင်နက်တက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်တာမှာ စစ်တပ်ဘက်က အရာရှိအချို့အပါအဝင်၂၀ခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယ နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ရှင်းလင်းဖို့ဆိုပြီး ၂၀၂၆ဇွန်လခန့်ကစပြီးစစ်တပ်က ကုန်လမ်းရော၊ရေလမ်းကြောင်းကပါ အထက်ပိုင်းကိုတက်လာတာဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကြောင်း အတိုင်း တိုက်ခိုက်ရေးရေယာဉ် အပါအဝင် ဖလပ်မော်တော်ယာဉ် (၂၈)စီးနဲ့ ယာကြီး-မင်းကင်း

-ကလေးဝ လမ်းမှာတော့ အင်အားသုံးရာခန့် နဲ့ တက်လာတာလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဗျူဟာမှူးတစ်ဦး ကွပ်ကဲပြီး ခမရ (၅၅၄) ဒုတပ်ရင်းမှူး အောင်ကိုကို ဦးစီးတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ အင်အားသုံးရာခန့်ပါစစ်ကြောင်းကိုယာကြီး-မင်းကင်း-ကလေးဝ လမ်းမှာ ​တော်လှန်​ရေးတပ်​တွေက ၉ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ​ဖော်ပြပါတယ်။

ဒါ့အပြင်ဇူလိုင်လ၇ရက်နေ့မှာ ကနီမြို့ကနေတက်လာတဲ့ တိုက်ခိုက်ရေးရေယာဉ်အပါ ဖလပ်မော်တော်ယာဉ် (၂၈)စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး၁၅ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကဒီနေ့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် MA (3) တစ်လက်၊60mmဗုံးသီးသုံးလုံး ၊ 40mmဗုံးသီး လေးလုံး ၊ RPG7 တစ်လုံး ၊ အီနာဂါတစ်လုံး ၊ကျည်ကာဦးထုပ်နှစ်လုံး ၊ ယူနီဖောင်း (၂၆)စုံ ၊ SPS110 Portable Jammer Gunတစ်လက် ၊ မိုင်းရှင်းစက် တစ်လုံး ၊ MA2ကျည်ဘောက်တစ်ဘောက် ၊ ဖောကာတစ်စီး ၊ ၁၄မိုင်း နင်းမိုင်း၁၀လုံး၊ ရွှေလက်ကောက် တစ်ကွင်း ၊ကား တစ်စီး၊ နွားကိုးကောင် ၊လှည်းသုံးစီး ၊ မီးစက် တစ်လုံး၊ Solar(250)W နှစ်ချပ် ၊ Laptap တစ်လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့​​​ ​ဖော်ပြပါတယ်။

“တိုက်ပွဲတွေက သတင်းလုံခြုံမှုကိုဦးစားပေးပြီးစနစ်တကျတိုက်ခိုက်ခဲ့တာ။သတင်းလည်းလိုအပ်တော့မှာထုတ်ပြန်တာ။ ဒီပွဲမှာကိုယ့်ဘက်ကတစ်ယောက်မှအထိခိုက်မရှိခဲ့ဘူး”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ထုတ်ပြန်ချက်မှာလည်း ” မိမိတို့ဘက်မှ ထိခိုက်မှု မရှိ”လို့ ဖော်ပြထားပြီး ချင်းတွင်း မြစ် ကြောင်းအတွင်းတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့ ဖလပ်မော်တော် သုံးစီးကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်း​တွေကို ​​​​ဖော်ပြထားပါတယ်။

ရလဒ်ကောင်းမွန်ခဲ့တဲ့ဒီစစ်ဆင်ရေးကို ကလေးခရိုင်အမှတ်(၇/၈/၉/၁၀/၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ ၊မင်းကင်းမြို့နယ်ထဲကပူပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာစစ်တပ်စစ်ကြောင်းတွေက အထက်ကိုဆက်လက်တက်နေလို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာအိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ် ။အဲဒီနောက်ပိုင်း စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီ နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က...

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။