Hi, what are you looking for?
အောက်တိုဘာ-၁၃၊၂၀၂၅။သုည/People’s Spring စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ ချောင်းဦးဆီးမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲတွေကိုဒီကနေ့ (အောက်တိုဘာ ၁၃)မှာအသီးသီးပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းဟာချောင်းဦးမြို့နယ်ကဆီမီးသပိတ်မှာ စသ်တပ်ဗုံးကြဲလို့ကျဆုံးခဲ့တဲ့သူတွေအတွက် ဂုဏ်ယူ ၊ ဝမ်းနည်း ဆုတောင်းပွဲ ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တို့က နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှုကို မျှဝေခဲ့ပြီး...
■“စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့ နောက်ပိုင်း ၁၅ မိနစ်အကြာမှာစကစဒရုန်းနဲ့လည်း နောက်ထပ်တခါ ဗုံးလာကြဲတာဖြစ်တယ်”-ဒေသခံ အောက်တိုဘာ-၁၃၊၂၀၂၅။ထားမြတ်/People’s Spring ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တွေသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်မနက်...