Connect with us

Hi, what are you looking for?

အတွေးအမြင်

ခေတ်သစ်ကမ္ဘာကို ခြိမ်းခြောက်လာသည့် စီးပွားရေးစစ်ပွဲ

ယခုကာလသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံသည် လက်နက်ဖြင့်မတိုက်ဘဲ ငွေကြေး၊ ကုန်သွယ်ရေးနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချပြီး အင်အားပြိုင်နေကြသည့် ခေတ်သစ်စီးပွားရေးစစ်ပွဲ၏အပြင်းထန်ဆုံးအချိန်တခုဖြစ်နေပါသည်။

ကိုပါဝဲလ်​ရေးသားသည်။

ယခုကာလသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံသည် လက်နက်ဖြင့်မတိုက်ဘဲ ငွေကြေး၊ ကုန်သွယ်ရေးနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချပြီး အင်အားပြိုင်နေကြသည့် ခေတ်သစ်စီးပွားရေးစစ်ပွဲ၏အပြင်းထန်ဆုံးအချိန်တခုဖြစ်နေပါသည်။

အထူးသဖြင့် အမေရိကန်တွင် ဒေါ်နယ်လ်ထရန့် သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူခဲ့သည့် နောက်ပိုင်းကစပြီး စီးပွားရေးစစ်ပွဲအရှိန်သည် ပိုမိုပြင်းထန်လာခဲ့ပါသည်။

စီးပွားရေးစစ်ပွဲဆိုသည်မှာလက်နက်စွဲကိုင်၍ လူလူချင်းတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲနိုင်ငံတနိုင်ငံ၏ စီးပွားရေး အခြေခံအောက်အအုံကို ပစ်မှတ်ထားပြီး အားနည်းသွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်သူ သို့မဟုတ် ပြိုင်ဘက်နိုင်ငံ၏ ငွေကြေးစနစ် ပျက်ပြားစေရန်၊ ကုန်သွယ်မှု လမ်းကြောင်းများ ရပ်ဆိုင်းသွားစေရန်နှင့် ပြည်သူများ၏ စားဝတ်နေရေးကို ကျပ်တည်းလာအောင်ဖန်တီး၍ဖိအားပေးခြင်းပင် ဖြစ်သည်။

ယခုအခါ စီးပွားရေးစစ်ပွဲများကြောင့် ကမ္ဘာကြီးသည် သမိုင်းတလျှောက် အဆိုးရွားဆုံး အခြေ
အနေတခုကို ရင်ဆိုင်နေရပါသည်။အရင်က စီး
ပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးအရ ဖိအားပေးရုံမျှသာဟု ထင်မှတ်ခဲ့ကြသော်လည်း ယနေ့တွင်မူ နိုင်ငံတနိုင်ငံလုံးကို အလဲထိုးနိုင်သည့် အထိရောက်ဆုံး လက်နက်တခု ဖြစ်လာခဲ့သည်။

သမားရိုးကျစစ်ပွဲတွင်စစ်သားများ၊လေယာဥ်များ၊ တင့်ကားများနှင့် နယ်မြေသိမ်းပိုက်ရန် တိုက်ခိုက်ကြပြီး ချက်ချင်းလက်ငင်းသေကြေပျက်စီးမှုများကို မြင်တွေ့ရသော်လည်း စီးပွားရေးစစ်ပွဲတွင် နယ်
မြေကို မသိမ်းပိုက်ဘဲ ဈေးကွက်နှင့် ဝယ်ယူနိုင်စွမ်းကို တားဆီးပိတ်ပင်ခြင်း ဖြစ်သည်။

သမားရိုးကျစစ်ပွဲက မြန်မြန်ဆန်ဆန် ပြီးဆုံးနိုင်သော်လည်း စီးပွားရေးစစ်ပွဲကမူ နှစ်နှင့်ချီ၍ ကြာ
ရှည်နိုင်သလို တနိုင်ငံလုံးရှိ လူဦးရေအားလုံးအပေါ် သက်ရောက်မှု ရှိလှပါသည်။တခါတရံ ပြိုင်ဖက် နှစ်နိုင်ငံ၊ အုပ်စုနှစ်စု တင်သာမကပဲ တကမ္ဘာလုံးပေါ်သို့ သက်ရောက်မှုပင် ရှိတတ်သည်။

စီးပွားရေးစစ်ပွဲတွင် အဓိကအသုံးများသည့် နည်းလမ်းများမှာ ရန်သူ့နိုင်ငံနှင့် ကုန်သွယ်ခြင်း သို့မ
ဟုတ် ရင်းနှီးမြှုပ်နှံခြင်းများကို တားမြစ်သည့် စီးပွားရေးပိတ်ဆို့မှုများ ဖြစ်သည်။ တဖက်နိုင်ငံ
မှ ထွက်သည့်ကုန်စည်များအပေါ် အခွန်များ အဆ
မတန် တိုးမြှင့်ကောက်ခံခြင်းဖြင့် ပြိုင်ဘက်နိုင်ငံ
၏ ကုန်စည်များကို ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် လုပ်ဆောင်သည့် နည်းလမ်းလည်း ရှိသည်။

ထို့ပြင်ရေနံ၊ လက်နက်သို့မဟုတ်နည်းပညာကဲ့သို့သော အရေးကြီးကုန်စည်များ တဖက်နိုင်ငံသို့ မရောက်ရှိအောင် လုံးဝပိတ်ဆို့ခြင်းနှင့် တဖက်နိုင်ငံမှ ခေါင်းဆောင်များ သို့မဟုတ်အဖွဲ့အစည်းများ၏ နိုင်ငံခြားဘဏ်များတွင် ရှိသည့် ငွေကြေးများကို ထုတ်ယူ၍မရအောင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်း နည်းလမ်းများကို အသုံးချကြပါသည်။

စီးပွားရေးစစ်ပွဲသည် ယခုမှ ပေါ်လာခြင်း မဟုတ်ပါ။ ရှေးခေတ် ဂရိနှင့် ရောမခေတ်ကတည်းက မြို့များကို ရိက္ခာဖြတ်၍ ဝိုင်းဝန်းပိတ်ဆို့သည့် နည်းလမ်းများ ရှိခဲ့ပါသည်။ ကမ္ဘာစစ်များအတွင်း
၌လည်း ရေတပ်လမ်းကြောင်းများကို ပိတ်ဆို့၍ ရိက္ခာဖြတ်သည့် နည်းလမ်းများကို သုံးစွဲခဲ့ကြပါသည်။

အမေရိကန်သမ္မတ ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံသည့် မူဝါဒများက စတင်လိုက်သော ကုန်သွယ်ရေးစစ်ပွဲသည် လက်ရှိ ထင်ရှားသည့် နမူနာ ဖြစ်ပါသည်။

ပြီးခဲ့သည့် နှစ်ကစပြီး အမေရိကန်သည် တရုတ်အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှ သွင်းကုန်များအပေါ် အခွန်များအဆမတန်တိုးမြှင့်ဖို့ ခြိမ်းခြောက်လိုက်သည့်အခါ ကမ္ဘာ့ကုန်သွယ်ရေး ကွင်းဆက်တခုလုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့သည်။

ထို့အတူ ရုရှား-ယူကရိန်း စစ်ပွဲနောက်ပိုင်းတွင် ရုရှားကို နိုင်ငံတကာ ငွေပေးချေမှုစနစ် (SWIFT) မှ ဖယ်ထုတ်လိုက်ခြင်းမှာ စီးပွားရေးစစ်ပွဲ၏ ပြယုဂ်တခုပင် ဖြစ်ပါသည်။ တရုတ်နိုင်ငံကလည်း မြေရှားသတ္တု (Rare Earth) အသုံးချ၍ အမေရိကန်ကို တုံ့ပြန်ခဲ့ပြီး မိမိတို့တွင်ရှိသည့် သယံဇာတကို လက်နက်သဖွယ် အသုံးချခဲ့ပါသည်။

အမေရိကန်သည် အီရန်ကို ဖေဖော်ဝါရီလကုန်ရက်ကစတင်ပြီး သမားရိုးကျ စစ်ပွဲ စတင်ဆင်နွှဲခဲ့သည်။ စစ်ပွဲတင်းမာမှုများ မြင့်တက်လာသောအခါ သမားရိုးကျစစ်ပွဲမှသည် စီးပွားရေးစစ်ပွဲ အဖြစ်ပြောင်းလဲသွားခဲ့သည်။

အီရန်သည် ပထဝီဝင်အရ အချက်အချာကျသော ဟောမုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်ခဲ့ပါသည်။ ဤရေလက်ကြားသည် ကမ္ဘာ့ရေနံတင်သင်္ဘော အများစု ဖြတ်သန်းရာ လမ်းကြောင်းဖြစ်သဖြင့် တကမ္ဘာလုံးတွင် စွမ်းအင်အကျပ်အတည်းကြီး ဖြစ်သွားပါသည်။

ကမ္ဘာ့ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ပြီး နိုင်ငံအများအပြား၏ စီးပွားရေးများ ကသောင်း
ကနင်းတွေ ဖြစ်ခဲ့ပါသည်။ ရေနံဈေးနှုန်းများ မြင့်တက်သွားပြီး ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခြင်းသည် စစ်မြေပြင်တွင် ဒုံးပျံဖြင့်ပစ်ခြင်း သို့မဟုတ် လေယာဉ်ဖြင့် ဗုံးကြဲခြင်းထက်ပင် ထိခိုက်ဆုံးရှုံးမှု ကြီးမားနိုင်ပါသည်။

စီးပွားရေးစစ်ပွဲကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းများ တက်လာခြင်း၊ အလုပ်လက်မဲ့များ များပြားလာခြင်း၊ စွမ်းအင်၊ ဆေးဝါး သို့မဟုတ် အခြေခံစားသောက်ကုန်များ ပြတ်လပ်ခြင်းတို့သည် သာမန်ပြည်သူများအပေါ် တိုက်ရိုက် ထိခိုက်စေပါသည်။ 

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။