ဧပြီ-၁၃၊၂၀၂၆။ထားမြတ်၊နိုင်ပကောင်း/People’s Spring
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် လေးကေ စစ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်က ဧပြီ ၁၂ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ ၇ဦးသေ၊ ၂ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
လေးကေစခန်းကို ဧပြီ ၇ရက်ကစတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၆ရက်မြောက်နေ့ ဖြစ်တဲ့ ဧပြီ ၁၂ ရက်မနက်မှာ စခန်းသိမ်းနိုင်ခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲများအတွင်းစစ်တပ်မှ ဒုတပ်ရင်းမှူး အောင်သော် နဲ့ အခြားအဆင့် ၁ ဦးအပါအဝင် (၂)ဦးက်ို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီးစစ်တပ်မှ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဒါအပြင်စစ်တပ်က စစ်သား၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီးနောက် စခန်းစွန့်ခွာ ထွက်
ပြေးသွားခဲ့သည်။
တိုက်ပွဲအတွင်းငါကြင်းမြီး (၁) လက်၊ MA2 (၁) လက်၊ ၆၀မမ (၁) လက်၊ ၆၀မမသီး (၂၉) လုံး၊ ၄၀မမသီး (၇၅) လုံး၊ ၅.၅၆ကျည် (၄၀၀၀)တောင့်၊ ဂျန်မာစက် (၃) လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၄) လုံး၊ မီးစက် (၁) လုံးနဲ့ စစ်သုံးပစ္စည်းတွေသီမ်းဆည်းရရှိတယ်လို့ အထူးတိုင်းစစ်ဒေသကအသိပေးပါတယ် ။

Public Service Announcement
စစ်သားတွေဟာ ဒဏ်ရာရနေတဲ့ ဒုတပ်ရင်းမှူးကိုထားပြီး ထွက်ပြေးကြတာဖြစ်ပြီးထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံတိုက်ခိုက်ရာ ဧပြီ ၁၃ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ၇ဦးသေ၊ ၂ဦး အရှင်ထပ်မံဖမ်းမိသလို လက်နက် ၉လက်နဲ့ ကျည်တွေသိမ်းရခဲ့တာဖြစ်ပါတယ် ။
MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅ဒသမ ၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် ၁လုံး နဲ့ စစ်သုံးပစ္စည်းအချို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
လေးကေစခန်းသိမ်းတိုက်ပွဲအား KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။




















































